Business
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၄၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၉ ခု ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခုကို စက်တင်ဘာလ ၂၆ ရက်က အတည်ပြုခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ခွင့်ပြုပေးခဲ့သော လုပ်ငန်း ၁၉ ခုတွင် နိုင်ငံအတွက် အဓိကလိုအပ်ချက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊အထည်ချုပ်လုပ်ငန်းများပါဝင်ပြီး ဒေသခံ ၄,၄၄၆ ဦးတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၉.၆၂၆ သန်းနှင့် ကျပ် ၄၁၇,၅၄၂ သန်းကျော် ရှိကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၂၈.၃၂ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄.၆၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄.၅၈ ရာခိုင်နှုန်းဖြင့် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………..
English Version
Myanmar Investment Commission approves 19 projects, creating over 4,000 jobs
YANGON, Sept. 27 (Xinhua) – The Myanmar Investment Commission (MIC) approved four foreign investment projects and 15 local ventures on Friday, the state-owned daily The Global New Light of Myanmar reported on Saturday.
These 19 projects cover various sectors, including industry, services, electricity, transport, communications, as well as breeding and marine industries, and are expected to create 4,446 jobs for locals, the report said.
The total investment is valued at 109.626 million U.S. dollars and over 417,542 million kyats (about 198.82 million U.S. dollars), it said.
As of the end of August 2025, among the 53 investing countries, Singapore, China, and Thailand are the leading countries with the largest foreign investments in the country, it added.
Out of 12 sectors, the power sector accounts for 28.32 percent by drawing the most significant investments, followed by the oil and natural gas sector with 24.68 percent and the industrial sector with 14.58 percent, it said.
The Myanmar Investment Commission oversees and approves investment project proposals from locals and overseas, as well as serving existing investors under the Myanmar Investment Law, the report said.