Business
မြန်မာနိုင်ငံက ၄ လတာကာလအတွင်း ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း ပျားရည်တန်ချိန် ၇၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၀၆ သန်း ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပျားရည်တန်ချိန် ၁,၈၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ပျားရည်အများဆုံး ထုတ်လုပ်သည့် နေရာများဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ပျားရည်တန်ချိန် ၄,၀၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းအနက် ၆၀ ရာခိုင်နှုန်းကို နိုင်ငံခြားဈေးကွက်သို့ တင်ပို့နေကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Myanmar earns over 1 mln USD from honey exports in 4 months
YANGON, Sept. 4 (Xinhua) — Myanmar earned 1.06 million U.S. dollars from exporting over 700 tons of honey from April to July this year, an official from the Apiculture Division under the Livestock Breeding and Veterinary Department told Xinhua on Thursday.
In the fiscal year 2024-25, the country exported over 1,800 tons of honey, he said, adding that Sagaing and Mandalay regions and Shan state are the leading producers of honey.
The country’s honey production is estimated at over 4,000 tons annually, with 60 percent exported to foreign markets, the report said. ■