Business
ရှီကျင့်ဖိန်က ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ဖွင့်လှစ်လိုက်သည့် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပြပွဲ (CIFIT) သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို စက်တင်ဘာ ၈ ရက်၌ ပေးပို့ခဲ့သည်။
“နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ပိုမိုချဲ့ထွင်ရေး၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး” ဟူသော ယင်း၏ အမြဲတမ်းဆောင်ပုဒ်ဖြင့် CIFIT သည် ကမ္ဘာ့တံခါးဖွင့်စီးပွားရေးကိုတည်ဆောက်မှု မြှင့်တင်ရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ထိရောက်သော ပလက်ဖောင်းတစ်ခုဖြစ်လာကြောင်း ရှီက မှတ်ချက်ပြုရေးသားခဲ့သည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိက အကျိုးထမ်းဆောင်သူနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ကျောက်ဆူးတစ်ခုအနေဖြင့် တရုတ်နိုင်ငံက အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို မလွဲမသွေချဲ့ထွင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖြေလျှော့မှုနှင့် ပိုမိုလွယ်ကူချောမွေ့မှု မြှင့်တင်မည်ဖြစ်ကြောင်း၊ ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ကမ္ဘာနှင့် ဆက်လက်မျှဝေမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား အပြုသဘောဆောင်သော စွမ်းအင်နှင့် သေချာရေရာမှုတို့ကို ပိုမိုဖြည့်တင်းမည်ဖြစ်ကြောင်း ရှီက အလေးပေးဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အကျိုးပြုပြီး အားလုံးပါဝင်သော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရန်နှင့် သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် တောက်ပသောအနာဂတ်ကို ဖန်တီးရန်အတွက် သက်ဆိုင်သူအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်းလည်း ရှီက မှတ်ချက်ပြုခဲ့သည်။
အဆိုပါပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Xi sends congratulatory letter to 25th China int’l investment, trade fair
BEIJING, Sept. 8 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory letter to the 25th China International Fair for Investment and Trade (CIFIT), which opened in Xiamen, east China’s Fujian Province.
Xi noted that the CIFIT, with its permanent theme of “Further expanding bilateral investment, Jointly facilitating global development,” has played a positive role in promoting the building of an open world economy and has become an effective platform for global investors to deepen practical cooperation.
Xi stressed that as a major contributor and anchor of stability for global economic growth, China will unswervingly expand high-level opening up, promote the liberalization and facilitation of trade and investment, continue to share its development opportunities with the world, and inject more positive energy and certainty into global development.
China is willing to work with all parties to promote a universally beneficial and inclusive economic globalization and create a bright future of prosperity and development, Xi noted.
The fair is organized by the Ministry of Commerce. ■
English Caption
Merchants visit the “Invest in China” area of the 24th China International Fair for Investment and Trade (CIFIT) in Xiamen, southeast China’s Fujian Province, Sept. 8, 2024. (Xinhua/Wei Peiquan)