Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၉ လတွင် ‌‌ရော်ဘာတန်ချိန် ၂၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ရှိ ရော်ဘာခြံ တစ်ခုတွင် ရော်ဘာပြားများ ရရှိရန်အဆင့်ဆင့်လုပ်ကိုင်နေကြသည့် လုပ်ငန်းခွင် မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ကိုးလအတွင်း ရော်ဘာ တန်ချိန် ၂၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသည် ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့မှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရပြီး ကျန်သည့်ရာခိုင်နှုန်းကို မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ၎င်း၏ ဖြည့်စွက်ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာ ဧက ၁.၆ သန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ရော်ဘာအဓိကထွက်ရှိရာ ဒေသဖြစ်ပြီး ယင်းနောက်တွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ရော်ဘာထွက်ရှိမှုအများဆုံးဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ (Xinhua)
——————–
(English Version)
Myanmar exports over 200,000 tons of rubber in first 9 months of FY 2025-26

YANGON, Jan. 19 (Xinhua) — Myanmar exported over 200,000 tons of rubber in the first nine months of the current fiscal year 2025-26, an official from the Myanmar Rubber Planters and Producers Association told Xinhua on Monday.
From April to December of the current fiscal year, the country earned more than 300 million U.S. dollars from rubber exports, he said.
China accounted for about 75 to 80 percent of Myanmar’s total rubber exports, with the remainder shipped to Malaysia, Indonesia, South Korea, India and Japan, he added.
Rubber is grown on over 1.6 million acres nationwide. Mon state is the country’s main rubber-producing area, followed by the Tanintharyi region and Kayin state, the official said.