Connect with us

Business

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အလုပ်အကိုင်ပေါင်း ၃,၀၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၀ ကို အတည်ပြု

အထည်ချုပ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေကြသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
နေပြည်တော်တွင် ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ MIC က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ် ၄ ခုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၆ ခုကို အတည်ပြုခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂.၉၁၁ သန်းနှင့် ငွေကျပ် ၂,၁၂၀.၄၃ ဘီလီယံကျော် ရှိပြီး အဆိုပါ စီမံကိန်းများက အလုပ်အကိုင် ၃,၃၈၂ ခု ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ခွင့်ပြုလိုက်သော စီမံကိန်းများတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

MIC အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အဆိုပြုချက်များကို ကြီးကြပ်ခြင်းနှင့် အတည်ပြုခြင်းများလုပ်ဆောင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရှိနှင့်ပြီးသားရင်းနှီးမြှုပ်နှံသူများကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
Myanmar Investment Commission approves 20 new investment projects, creating over 3,000 jobs
YANGON, Jan. 27 (Xinhua) — The Myanmar Investment Commission (MIC) has approved 20 new investment projects, the state-owned The Mirror daily reported on Tuesday.
At its meeting on Monday in Nay Pyi Taw, the MIC approved four new foreign investments and 16 local investment projects, the report said.
The total investment is valued at 62.911 million U.S. dollars and over 2,120.43 billion kyats (about 1.009 billion U.S. dollars), and the projects are expected to create 3,382 jobs, it said.
The approved projects include EV motorcycle and automobile assembly, hotel and tourism services, construction, oil and natural gas, energy and electricity production, livestock breeding, education services, food processing, and garment manufacturing, it added.
The MIC oversees and approves investment project proposals from local and foreign investors, and provides services to the existing investors under the Myanmar Investment Law, it said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.