Connect with us

Business

မြန်မာနိုင်ငံက ၁၀ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၉၈ သန်းကျော်ရရှိ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမဆယ်လတာကာလအတွင်း မြန်မာနိုင်ငံက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၉၈ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ သိရသည်။
ယင်းကာလအတွင်း စက်မှုကုန်ချောကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြင့် အမေရိကန်ဒေါ်လာ ၂၀၄ သန်းကျော် ရရှိခဲ့ပြီး ယင်းနောက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
FDI in Myanmar reaches over 398 mln USD in 10 months
YANGON, Feb. 23 (Xinhua) — Myanmar attracted over 398 million U.S. dollars in foreign direct investment (FDI) during the first ten months of the current fiscal year 2025-26, according to figures released by the Directorate of Investment and Company Administration (DICA) on Monday.
During the period, the manufacturing sector received the largest share of investment, drawing over 204 million dollars, followed by the transport and communication sector and the power sector, it said.
In the 2024-25 fiscal year, Myanmar secured more than 690 million dollars in FDI. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.