Business
မြန်မာနိုင်ငံ အစိုးရအနေဖြင့် စီးပွားရေးနှင့် ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂/၂၀၂၆ အစည်းအဝေးကို မတ် ၁၂ ရက်တွင် နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးညိုစောက MSME လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်ပသွင်းကုန် အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များ အရည်အသွေးမီ ထုတ်လုပ်ရရှိနိုင်ရန်နှင့် လုပ်ငန်းများကို ပိုမိုမြင့်မားစွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ယခုထက်ပိုမိုချိတ်ဆက်ရောင်းချနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
MSME လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်လျက်ရှိပြီး စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းများသည် နှစ်စဉ်တိုးတက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးချုပ်ဦးညိုစောက ပြောကြားခဲ့သည်။ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံ့စီးပွားရေးအပြင် ပြည်သူများ၏လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
…………………
(English Version)
Myanmar gov’t pushes MSMEs to boost economy, exports
YANGON, March 13 (Xinhua) — The Union Government of Myanmar held its 2/2026 meeting at the government office in Nay Pyi Taw on Thursday, with Prime Minister U Nyo Saw in attendance, the state-owned daily Myanma Alinn reported Friday.
At the meeting, Prime Minister U Nyo Saw said that in implementing MSME activities, it is necessary to produce high-quality products that can replace foreign imports and be exported. He also highlighted the importance of elevating MSME activities to higher standards, the report said.
The Prime Minister further urged greater efforts to link MSME operations with international markets, it said.
He added that it has been observed that MSME activities are successful and that the economic growth rate is increasing every year. If MSME activities develop further, not only will the national economy improve, but also the socio-economic lives of the people, the report added. Enditem
