Business
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၁၁ လတာကာလအတွင်း ရော်ဘာတန်ချိန် ၃၅၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လအတွင်း ရော်ဘာတန်ချိန် ၃၅၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ မတ်လ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိဘဏ္ဍာရေးနှစ်၏ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်နိုင်ငံက ပြည်ပနိုင်ငံများသို့ ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး အခြားတင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံ စသည်တို့ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာဧကပေါင်း ၁.၆ သန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဓိက ရော်ဘာစိုက်ပျိုးသည့်ပြည်နယ်ဖြစ်ပြီး ၎င်း၏နောက်တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့က ရော်ဘာ အများဆုံးစိုက်ပျိုးကြကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Myanmar exports about 350,000 tons of rubber in 11 months of FY 2025-26
YANGON, March 19 (Xinhua) — Myanmar exported about 350,000 tons of rubber in the first eleven months of the current fiscal year 2025-26, according to the Myanmar Rubber Planters and Producers Association on Thursday.
From April last year to February this year of the current fiscal year, the country earned about 500 million U.S. dollars from rubber exports, an official from the association said.
The majority of rubber exports went to China, he said, adding that other export destinations include Malaysia, Indonesia, India, Vietnam, and South Korea.
Rubber is grown on over 1.6 million acres nationwide. Mon state is the country’s main rubber-producing area, followed by the Tanintharyi region and Kayin state, the official said. Enditem
