Connect with us

Business

မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍမှ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၁၁ လတာကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဧပြီလ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ The Global New Light of Myanmar က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ယင်းကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းပေါင်း ၇၀ ကို ခွင့်ပြုခဲ့ပြီး ယင်းအနက် တရုတ်ကုမ္ပဏီများမှာ အဓိကရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ဖြတ်တောက်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့်လုပ်ကိုင်သော အထည်ချုပ်လုပ်ငန်းများအပြင် အီလက်ထရောနစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်များ၊ ဆံပင်အတုများနှင့် ကင်မရာများကို ထုတ်လုပ်ကြောင်း သိရသည်။
မြန်မာ့အထည်ချုပ်ကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သတင်းအရ သိရသည်။ (Xinhua)

……………………….
English Version
Myanmar’s manufacturing sector attracts over 220 mln USD in 11 months
YANGON, April 2 (Xinhua) — Myanmar’s manufacturing sector attracted over 220 million U.S. dollars in foreign direct investments in the past 11 months of the fiscal year 2025-2026, the state-owned daily The Global New Light of Myanmar reported on Thursday, citing the Directorate of Investment and Company Administration (DICA).
The Myanmar Investment Commission (MIC) permitted 70 enterprises to invest in the manufacturing sector during the period, it said, adding that Chinese companies were the primary investors in the sector.
The country’s garment enterprises operate under the Cutting, Making, and Packaging (CMP) system, it added.
In addition to garments, CMP operations produce electronic appliances, footwear, bags, wigs, and cameras, the report said.
Myanmar’s garment sector plays a pivotal role in the economic development of the country, it said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.