Business
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၂.၇၄ သန်းကျော် တင်ပို့နိုင်ခဲ့
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဖြစ်သော (၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ) တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၇၄ သန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံက အဆိုပါကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ပြီး ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းမှတစ်ဆင့် နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်သို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၄၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
…………………
(English Version)
Myanmar exports over 2.74 mln tons of rice in 2025-26 FY
YANGON, April 8 (Xinhua) — Myanmar exported over 2.74 million tons of rice and broken rice in the 2025-26 fiscal year (from April 2025 to March 2026), according to the Myanmar Rice Federation on Wednesday.
The country earned 861 million U.S. dollars from rice exports during the period, exporting to more than 30 countries and regions by sea and land, the federation said.
In the fiscal year 2024-25, the country exported 2.48 million tons of rice and broken rice, it said. Enditem
