Business
၂၀၂၆ ခုနှစ် မြန်မာ နိုင်ငံတကာ စက်ယန္တရားနှင့် စက်ကိရိယာပြပွဲကို မြန်မာနိုင်ငံတွင် ဇူလိုင်လ၌ ကျင်းပမည်
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် မြန်မာ နိုင်ငံတကာ စက်ယန္တရားနှင့် စက်ကိရိယာပြပွဲကို (Myanmar International Machinery & Equipment Expo 2026) ကို ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဧပြီ ၈ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာ The Global New Light of Myanmar တွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် စက်ရုံထုတ်လုပ်ရေးပစ္စည်းကိရိယာများ၊ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးယန္တရားများ၊ မော်တော်ယာဉ်ထိန်းသိမ်းပြုပြင်ရေးနှင့် ကိရိယာများ၊ လျှပ်စစ်စွမ်းအင်သုံးပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများနှင့် အထွေထွေအပိုပစ္စည်းများ အပါအဝင် ထုတ်ကုန်အမျိုးအမည် အများအပြားကို ပြသသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
၎င်းပြပွဲသည် မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ခေတ်မီတိုးတက်ရေးအတွက် တစ်နေရာတည်းတွင် အလုံးစုံဝယ်ယူနိုင်မှုနှင့် နည်းပညာဖလှယ်မှုဆိုင်ရာ စင်္ကြံတစ်ခုအဖြစ် ပံ့ပိုးပေးမည်ဖြစ်ကြောင်း The Global New Light of Myanmar သတင်းအရ သိရသည်။
အဆိုပါပြပွဲတွင် နိုင်ငံတကာ အမှတ်တံဆိပ် များစွာ ပါဝင်လာမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကွန်ရက်များ ချဲ့ထွင်နိုင်ခြင်း၊ နောက်ဆုံးပေါ်နည်းပညာများကို လေ့လာနိုင်ခြင်းနှင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ဖော်ဆောင်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။ (Xinhua)
…………………
(English Version)
Myanmar International Machinery & Equipment Expo 2026 to be held in July
YANGON, April 8 (Xinhua) — Myanmar International Machinery & Equipment Expo 2026 is set to take place at the Yangon Convention Centre (YCC) from July 5 to 7, the state-owned daily The Global New Light of Myanmar reported on Wednesday.
The expo will showcase a wide range of products, including factory production equipment, engineering and construction machinery, auto maintenance and repair tools, power equipment, agricultural machinery and general parts and components, it said.
It will provide a one-stop procurement and technology exchange platform for the transformation and modernization of Myanmar’s industrial manufacturing sector, it added.
With a strong presence of international brands, domestic businesses can expand networks, explore the latest technology and create new business opportunities, the report said. Enditem
