Business
မြန်မာနိုင်ငံက လာမည့်ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ .၁ သန်းကျော် တင်ပို့နိုင်မည်ဟု မျှော်မှန်း

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့နိုင်မည်ဟုမျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၁၁ လ တာကာလအတွင်း ဆန်တန်ချိန် ၁.၂၈ သန်းကျော်တင်ပို့ခဲ့ပြီးဆန်ကွဲတင်ပို့မှုမှာ ယခင်နှစ် ဧပြီလမှ ယခုနှစ်ဖေဖော်ဝါရီ လကုန်အထိ ၈၁၂,၄၈၈ တန်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

ရန်ကုန်မြို့ တွင် စပါးများခြွေလှေ့နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ လယ်ကွင်းတစ်ခုတွင် စပါးများ ရိတ်သိမ်းနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)
“ဒီဘဏ္ဍာနှစ်မှာ ဆန်တင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀၀ကျော်ရရှိထားပြီးပါပြီ။ ဒီဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ဆန်တန်ချိန် ၂.၁ သန်း တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ရရှိမယ်လို့မျှော်မှန်းထားပါတယ်’’ ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း MRF မှ သိရသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ တွင် စပါးကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ (Xinhua)