Business
မြန်မာနိုင်ငံ နေပြည်တော်၌ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၄ ခုနှစ် နှစ်လယ်ကျောက်မျက်ရတနာပြပွဲကို ယခုလအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထံမှ စုံစမ်းသိရှိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက စီစဉ်ကျင်းပသည့် အဆိုပါ ပြပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပုလဲ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အတွဲများ တင်ပြရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ကျောက်မျက်ရတနာ ကုန်သည်များ အနေဖြင့် အဆိုပါပွဲသို့ သတ်မှတ်ချက်များနှင့် အညီတက်ရောက်ဝယ်ယူခွင့်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် စုစုပေါင်း ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲနှင့် ကျောက်စိမ်းအတွဲ ၃,၂၅၁ တွဲ ရောင်းချခဲ့ကြောင်း သိရသည်။ (Xinhua)