Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကော်ဖီတန်ချိန် ၂,၀၀၀ တင်ပို့ရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကော်ဖီအသင်းက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းလိုင်းမှ ပြည်ပနိုင်ငံသို့ ကော်ဖီတန်ချိန် ၂,၀၀၀ ခန့် တင်ပို့နိုင်ရန် လျာထားကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်း ပြည်ပသို့ ကော်ဖီ တန်ချိန် ၂,၀၀၀ခန့် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို အဓိက အများဆုံးတင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။

ကော်ဖီတင်ပို့မှုအများစုကို ပင်လယ်ရေကြောင်းလမ်းကြောင်းမှ ပို့ဆောင်လေ့ရှိကြပြီး အချို့မှာ နယ်စပ်ဒေသမှတစ်ဆင့် တင်ပို့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံကော်ဖီအသင်းသည် ကော်ဖီစိုက်တောင်သူများ၊ ထုတ်လုပ်သူများ၊ နည်းပညာရှင်များနှင့် လုပ်ငန်းရှင်များ စုပေါင်းပြီး မြန်မာ့ကော်ဖီအရည်အသွေးမြှင့်တင်ရန်နှင့် စျေးကွက်ကို တိုးမြှင့်ရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ကော်ဖီစိုက်ဧက ၄၀,၀၀၀ ခန့်ရှိပြီး ကော်ဖီစိုက်ခင်းအများစုမှာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.