Connect with us

Business

မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမ ၇ လအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၇၀၀,၀၀၀ နီးပါး ဝင်ရောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမ (၇) လတာအတွင်း နိုင်ငံခြား ခရီးသွား ၇ သိန်းနီးပါး လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မြင့်က ဆင်ဟွာသို့ ပြောကြားသည်။
ယင်းပမာဏမှာ ယမန်နှစ်အလားတူကာလက ဝင်ရောက်ခဲ့သော နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ၆၁၀,၀၀၀ နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း၎င်းက ဆိုသည်။

ခရီးသွား အများစုမှာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်စသည့်နိုင်ငံများမှ ဖြစ်ကြောင်း ဦးတင်ဇော်မြင့်က ပြောသည်။
ယခင်နှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁ သန်းကျော် လာရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ (Xinhua)