Connect with us

Business

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

အမေရိကန်ဒေါ်လာများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အောက်တိုဘာ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စက်သုံးဆီလုပ်ငန်းရှင်များကို ရောင်းချပေးမည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များပါဝင်သည့် FX Market Online Trading Platform တစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်တွင်လည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၉၂၂,၅၇၅ အား စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက် FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေများ ဝယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)