Connect with us

Business

မြန်မာနိုင်ငံ၌ စက်သုံးဆီဆိုင်များတွင် စီစီတီဗီကင်မရာ တပ်ဆင်မှု နှစ်ကုန်ပိုင်းတွင် အပြီးတပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ စက်သုံးဆီ သိုလှောင်နေရာများနှင့် အရောင်းဆိုင်များတွင် စီစီတီဗီကင်မရာ တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

“စက်သုံးဆီ သိုလှောင်စခန်းတွေနဲ့ အရောင်းဆိုင်တွေကို ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေလို ခေတ်မီလုံခြုံစိတ်ချရတဲ့ သိုလှောင်စခန်း နဲ့ အရောင်းဆိုင်တွေ ဖြစ်စေဖို့ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ပြတ်လပ်မှု မရှိစေဘဲ ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရေး၊သတ်မှတ်အရည်အသွေး အခြင်အတွယ် ပြည့်မီမှန်ကန်စေရေး နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရောင်းဈေးတွေအတိုင်း ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ရေး အတွက် အခုလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ချက်ထုတ်ထားပါတယ်” ဟု ၎င်းတာဝန်ရှိသူကပြောသည်။

ယင်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ပြည်တွင်း စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက် ရှိစေရန်၊ ပြည်ပစက်သုံးဆီ တင်သွင်းမှုမှစပြီး အသုံးပြုသူအထိ Supply Chain တစ်ခုလုံးအား စောင့်ကြည့် ထိန်း သိမ်း ကြီးကြပ်နိုင်ရန် အချိန်နှင့် တစ်ပြေးညီ လိုအပ်သော အစီအမံများကို လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီအဖွဲ့အစည်းများ အားလုံးပါဝင်သော Supply Chain တစ်ခုလုံးကို Online စနစ်ဖြင့် စောင့်ကြည့် ဖြည့်ဆည်းပေးသော စနစ်အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.