Connect with us

Business

မြန်မာနိုင်ငံရှိ ရွှေဆိုင်များ၌ ရွှေဆိုင်မှတ်တမ်းစာအုပ်များ မဖြစ်မနေထားရှိရမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်၌ ရွှေများခင်းကျင်းထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေအရောင်းအဝယ်ဆောင်ရွက်သည့်အခါ ရွှေဆိုင်မှတ်တမ်းစာအုပ်တွေထားရှိရန် လမ်းညွှန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် ပြောသည်။
ဦးမျိုးမြင့်က “ရွှေဆိုင်တွေမှာ ရွှေဆိုင်မှတ်တမ်းစာအုပ်က မဖြစ်မနေထားရှိရမှာ။ အဓိကကတော့ ရောင်းတဲ့၊ ဝယ်တဲ့သူရဲ့ ဈေးနှုန်းကို ထည့်ပြီး မှတ်တမ်းထားရှိနိုင်တယ်။ နောက်ပြီးတော့ ရောင်းမှား ဝယ်မှားရှိရင်လည်း အချိန်မရွေးကြည့်နိုင်တယ်။ တွက်ချက်တဲ့နေရာမှာ အမှားအယွင်းရှိရင်လည်း အချိန်မရွေး ပြန်လာပြီးဆောင်ရွက်လို့ရတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာ ၂၃ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်အစည်းအဝေးမှာ ရွှေဆိုင်မှတ်တမ်းစာအုပ်များ ထားရှိရန် လမ်းညွှန်ထားကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းတွင် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်း၏ ပထမအကြိမ် အဖိုးတန်သတ္တုရောင်းဝယ်သူများ၏ STRs/TTRs အရေအတွက်နှင့် အရည်အသွေးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၃ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်အစည်းအဝေးတွင် ရွှေဆိုင်မှတ်တမ်းစာအုပ်များ ထားရှိရန် လမ်းညွှန်ထားကြောင်း၊ ယင်းအစည်းအဝေးလမ်းညွှန်ချက်အရ ရွှေဆိုင်များတွင် ဆက်သွယ်ဆောင်ရွက်သူကို အလေးထားစိစစ်ခြင်း မှတ်တမ်းစာအုပ် ၊ ( Transaction Record Book) (အဖိုးတန်သတ္တု(ရွှေ) ဝယ်ယူ / ရောင်းချမှုမှတ်တမ်း) ၊ STR/TTR Record ( ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့သို့ STR/TTR ပေးပို့တင်ပြမှုမှတ်တမ်း) ၊ Reporting Form STR/TTR FATF Recommendation 20 (ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပို့ရမည့်နမူနာပုံစံ) ၊ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ ခန့်အပ်မှုမှုပုံစံနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ (ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း) စသည့် မှတ်တမ်းစာအုပ်များ ထားရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွှေဆိုင်မှတ်တမ်းစာအုပ် မထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်မှာပါ။ ရွှေဆိုင်မှတ်တမ်းစာကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ထားတဲ့ စာအုပ်ကိုပဲ သွားရောက်ဝယ်ယူရမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်က ဖြည့်စွက်ပြောကြားသည်။
ထို့ပြင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ချမှတ်သည့် ပြေစာစာအုပ်ဖြင့်သာ ရွှေ အရောင်း အဝယ်ပြုလုပ်ကြရန်၊ ရွှေရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန်လည်း အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ အစည်းအဝေးတွင် လမ်းညွှန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.