Business
မြန်မာနိုင်ငံမှ ပြည်ပသို့ (၇) လအတွင်း ငါးတန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ပြည်ပသို့ (၇)လအတွင်း ငါးတန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ (၇) လတာ ကာလအတွင်း ငါးတစ်မျိုးတည်းကို မက်ထရစ်တန် ၁၆၅,၁ဝ၉ ဒသမ ၃၈၇ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ဝ၁ ဒသမ ဝ၉၇ သန်း ရရှိခဲ့ကြောင်း၊ အဆိုပါ တင်ပို့မှုတွင် ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်းမှ ငါး မက်ထရစ်တန် ၈၅,၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ငါးမက်ထရစ်တန် ၇၉,၃၅၂ ဒသမ ၄၇၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် အဓိကအားဖြင့် ဈေးကွက်ကြီး ၄ ခုရှိပြီး ဆော်ဒီအာရေဗျနိုင်ငံကို ရေချို၊ ရေငန် ငါးတင်ပို့ခြင်း၊ အရှေ့အလယ်ပိုင်းဈေးကွက်ကို ရေချိုငါးတင်ပို့ရခြင်း ၊ တရုတ်နိုင်ငံသို့ ရေငန်ငါး၊ ငါးရှဥ့်၊ ကဏန်းများတင်ပို့ခြင်းနှင့် EU နိုင်ငံများသို့ တင်ပို့ခြင်းများဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် ပြည်ပနိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)
