Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေး၌ ငါးများ အမျိုးအစားခွဲခြားနေသော အလုပ်သမားများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၈၉ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၇ ရက်တွင် ပြောသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၅၅၃,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ဝင်ငွေရရှိခဲ့ခြင်းကြောင့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ယမန်နှစ်ကထက် ကျဆင်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့ပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့အများဆုံးတင်ပို့ခဲ့သလို အရှေ့အလယ်ပိုင်းနှင့် ဥရောပသမဂ္ဂနိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း ၎င်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)