ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅ ဒသမ ၈ ဘီလီယံ လျာထားမျှော်မှန်းထားခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO) ဖြင့် မှတ်ပုံတင်မှု ၁၃၇၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာ့ရွှေတစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၀၅,၀၀၀ မှ ၁,၃၁၆,၀၀၀ သို့ ရောက်ရှိကာ ယနေ့တစ်ရက်တည်းတွင် ကျပ် ၁၁,၀၀၀ ဈေးတက်ခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာခင်လှိုင်က ဆိုသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၉၁၅ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းမှ တဆင့် ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိကြောင်း၊ ဆက်လက်၍ အွန်လိုင်း ကုန်စည်ပြပွဲများအားဆောင်ရွက်၍ ကုန်သွယ်ရေးအား မြှင့်တင်သွားရန်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကြက်သွန်ဖြူများ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် နှင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းပိုမိုရရှိစေရန် ကြက်သွန်ဖြူဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကို နိုင်ငံတကာစံနှုန်းအတိုင်း ရေးဆွဲမည်ဖြစ်ကြောင်း စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) COVID-19 ရောဂါအခြေအနေတွေ့ရှိမှုနှုန်း မြင့်မားလာသည့်နောက်ပိုင်းတွင် ကုန်သေတ္တာတင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် ၄၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း မှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ကူးစက်ခံရမှု နေ့စဉ် ရက်ဆက် အရေအတွက်များစွာတွေ့ရှိပြီးနောက်ပိုင်း သြဂုတ် နောက်ဆုံးပတ်တွင် ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းဝင်ကုမ္ပဏီအားလုံး ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုသည် ကျပ်သိန်းပေါင်း ၁၃၅,၉၉၄,၁၀၀ ရှိခဲ့ရာမှ စက်တင်ဘာလ ဒုတိယ ပတ်တွင် စတော့ရှယ်ယာ...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၂၁ ရက် မှ စက်တင်ဘာ ၂၃ ရက် အထိ ၃ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကို နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။