နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားလာသည့် နိုင်ငံခြားဘဏ်များအနက် ဘဏ်ခုနစ်ခုအား ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ကနဦး အတည်ပြုချက်ကို ယနေ့နေ့စွဲဖြင့် ခွင့်ပြုခဲ့သည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ကာလတိုအတွင်း ငွေလဲလှယ် နှုန်း အတက်/အကျ ကြီးမားမှု မရှိစေရန် Intervention Auction ပြုလုပ်ရာတွင် အရောင်းနှင့် အဝယ် (၂)မျိုးစလုံးအား ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စတုတ္ထတစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလျင်မြန်စွာ အထောက်အကူပြုစေရန် ဒုတိယအကြိမ် အတိုးနှုန်းကိုထပ်မံ လျှော့ချလိုက်ကြောင်းယနေ့ ဗဟိုဘဏ်က ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဇန်နဝါရီလမှ စတင်ကျဆင်းခဲ့ရာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်လီတာလျှင် ကျပ် ၃၉၀ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရန်ကုန်စတော့အိပ်ချိန်း(YSX)၏ စာရင်းဝင်အစုရှယ်ယာများကို မတ် ၂၀ ရက်မှ စ၍ နိုင်ငံခြားသားများ စတင် အရောင်းအဝယ် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း YSX မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်း နှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့် အတိုးနှုန်း အား သုညဒသမ ၅ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း မတ် ၁၂ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်၂၆ ရက် မှ စ၍ တစ်ရက်လျှင် စတော့ အရောင်းအဝယ် ခုနစ်ကြိမ် စတင်ဆောင်ရွက် ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၁၁ ရက်တွင် ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ် ဆက်တိုက်ကျဆင်းလျက်ရှိပြီး မတ် ၄ ရက်တွင် တစ်ဒေါ်လာ ၁၄၀၅ ကျပ် ရှိခဲ့ရာမှ မတ် ၁၀ ရက်တွင် ၁၃၂၅ ကျပ်အထိ ၆ ရက် အတွင်း ၈၀ကျပ် အထိ ဆက်တိုက်ကျဆင်းခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Ever Flow River Group Public Co., Ltd (EFR)သည် မတ် ၂၀ ရက်မှစတင်ကာ အစု ရှယ်ယာများကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်မည်ဖြစ်...