ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၅၃၇,၁၃၄ ဒသမ ၈၇၆ သန်းဖြစ်ပြီး...
ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) UnionPay International Myanmar ကတ်ကိုင်ဆောင်သူများအတွက် ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်ရန် ရည်ရွယ် ပြုလုပ်သော “Go for Gold” ကမ်ပိန်း စတင်ကြောင်း ကြေညာခြင်းကို မြန်မာပလာဇာ၌ ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပ ပြုလုပ်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၇၃၉ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Fortune Plaza ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) တို့အရ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက် ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းကို နိုဝင်ဘာလ...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၇)ခုကို နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၉) အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် စီးပွားရေး နှီးနှောဖလှယ်ပွဲ (Kachin State Business Forum)ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၊ မဂျွယ်ခန်းမ၌ နိုဝင်ဘာ (၁၅)ရက်နှင့် (၁၆)ရက် (၂)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက အားပေးမြင့်တင်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်...
ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်သူများ ဝယ်ယူမှုများပြားသော ငါးမူးသားရွှေဒင်္ဂါးမှာ လက်ကျန်နည်းနေပါ သဖြင့် အသစ် သွန်းလောင်း ထုတ်ဝေမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးက တစ်ကျပ်သား ကိုကျပ် ၁,၂၁၈,၅၀၀ မှ ကျပ် ၁,၂၀၅,၀၀၀ အထိ ၃ ရက် အတွင်း တစ်ကျပ်သားကိုကျပ် ၁၃,၅၀၀ ဈေးကျခဲ့သည်။