Connect with us

Agriculture

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ရွှေရောင် ဆောင်းဦးရာသီတွင် ဝါဂွမ်းရိတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ မာနာ့စစ်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ဝါဂွမ်းရိတ်သိမ်း၍ စက်ရုံသို့ ပို့ဆောင်နေသည်ကို အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချန်းကျီ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

ရွှေရောင် ဆောင်းဦးရာသီ အောက်တိုဘာလသည် တရုတ်နိုင်ငံ ရှင်းကျန်ဒေသ နေရာသီးသီးတွင် ဝါဂွမ်း ရိတ်သိမ်းသည့်ကာလဖြစ်သည်။ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မာနာ့စစ်ခရိုင်တွင် ဧက ၈၃၀,၀၀၀ ခန့်သောရှိ ဝါဂွမ်းများကို ရိတ်သိမ်း၍ စက်ရုံသို့ပို့ဆောင်ရသည့် လုပ်ငန်းစည်ကားနေချိန်လည်းဖြစ်သည်။

ယခုနှစ်ပိုင်းများတွင် မာနာ့စစ်ခရိုင်သည် ဝါဂွမ်းရိတ်သိမ်းရာတွင် စက်ပစ္စည်းများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အားသွန်ဆောင်ရွက်ခဲ့ကြသည်။ လယ်ယာစက်ပစ္စည်းဝယ်ယူရာတွင်လည်း ထောက်ပံ့ငွေပေးခြင်း၊ လယ်ယာစက်မှုပစ္စည်း သမဝါယမ တည်ထောင်ရန် အားပေးခြင်း၊ ဝါဂွမ်းလုပ်ငန်းရှင်ကြီးများကို စက်ပစ္စည်းကြီးများဝယ်ယူအသုံးပြုနိုင်ရန်အားပေးခြင်းများဖြင့် ဝါဂွမ်းထုတ်လုပ်မှုလုပ်ငန်း အရည်အသွေးမြင့် တိုးတက်လာရန် ထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိ မာနာ့စစ်ခရိုင်တစ်ခုလုံးတွင် ဝါဂွမ်းရိတ်စက် ၂၂၁ လုံးရှိရာ ယခုအောက်တိုဘာလ လကုန်ပိုင်းတွင် ရိတ်သိမ်းမှုလုပ်ငန်းများအပြီးသတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.