Agriculture
တရုတ်နိုင်ငံ လယ်ယာထွက်ကုန် လက်ကားအရောင်းဈေးနှုန်းများ ဖြည်းဖြည်းချင်း မြင့်တက်လာ

ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် လက်ကားဈေးနှုန်းများသည် သြဂုတ် ၁၁ ရက်တွင် ဖြည်းဖြည်းချင်း မြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသရေးရာဝန်ကြီးဌာန အဆိုအရ သိရသည်။
တရုတ်လယ်ယာထွက်ကုန် လက်ကားဈေးနှုန်းညွှန်းကိန်းသည် ၁၁၈.၃၂ကို ရောက်ရှိပြီး သြဂုတ် ၁၀ ရက်ကထက် ဝ.၀၄ ပွိုင့်မြင့်တက်လာခဲ့သည်။
သြဂုတ် ၁၁ ရက် နေ့လယ် ၂:၀၀ နာရီ ပျှမ်းမျှလက်ကားဈေးအနေဖြင့် တရုတ်နိုင်ငံတွင် အဓိကစားသုံးကြသည့် ဝက်သားဈေးမှာ ဝ.၇ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ကီလိုဂရမ်လျှင် ၄၈.၈၈ယွမ် (၇ ဒေါ်လာခန့်) ရှိကာ ကြက်ဥဈေးမှာ ၃ ရာခိုင်နှုန်း ကျဆင်း၍ တစ်ကီလိုဂရမ်လျှင် ၈.၀၈ ယွမ် ရှိကြောင်း သိရသည်။
အဓိက စားသုံးကြသည့် ဟင်းသီးဟင်းရွက်၂၈ မျိုး၏ လက်ကားဈေးနှုန်းသည်လည်း သြဂုတ် ၁၀ ရက်နေ့ကထက် ဝ.၄ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို သစ်သီး ၆ မျိုး၏ ဈေးနှုန်းလည်း မြင့်တက်ခဲ့သည်။
လက်ကားဈေးနှုန်းညွှန်းကိန်းသည် လယ်ယာထွက်ကုန်ဈေး ၂၀၀ ဝန်းကျင်တွင် ကောက်ယူထားသည့် အချက်အလက်များအရ ပြုစုထားခြင်းဖြစ်သည်။
ဟင်းသီးဟင်း ရွက်၊သစ်သီး၊ရေထွက်ကုန်များ၊မွေးမြူရေး ထွက်ကုန်များ၊အစေ့အဆန်၊စားသုံးနိုင်သည့် ဟင်းရွက်ဆီများ အပါအဝင်ပျှမ်းမျှ ကုန်စည်ဈေးနှုန်းများအပေါ်အခြေခံပြီးနေ့စဉ် နောက်ဆုံးရဈေးနှုန်းများဖြစ်ကြောင်း သိရသည်။ (Xinhua)