Connect with us

Agriculture

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲ ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲသို့လာရောက်ကြည့်ရှုသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် အောက်တိုဘာ ၁၇ ရက်က ဖွင့်လှစ်ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ပြပွဲပါဝင်ပြသသူ ၄,၀၀၀ နီးပါး စုပေါင်းပါဝင်ပြသခဲ့ကြောင်း သိရသည်။အဆိုပါပြပွဲအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုကိုမြှင့်တင်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုကို ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်ပြပွဲတွင် ကုန်ပစ္စည်းအမျိုးအမည်ပေါင်း ၂၅,၀၀၀ ဝန်းကျင်ခန့်ကို လေ့လာနိုင်မည်ဖြစ်ကာ ဝယ်ယူသူနှင့် ကုန်သွယ်မှုကျွမ်းကျင်သူ စုစုပေါင်း ၅၀,၀၀၀ ကျော် တက်ရောက်ကြမည်ဟုလည်း ပွဲစီစဥ်သူများက မျှော်မှန်းထားကြသည်။

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲအတွင်း စိုက်ပျိုးရေးဆိုင်ရာနည်းပညာဇုန်ပြခန်းကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အဆိုပါ သုံးရက်တာ ပြပွဲကို စတုရန်းမီတာ ၁၀၀,၀၀၀ ကျော်တွင် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ခေတ်မီစိုက်ပျိုးမွေးမြူရေး၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် ကျေးလက်ဒေသပြည်သူများအတွက် ပံ့ပိုးပေးထားသည့် စက်မှုဇုန်များလည်း ပါဝင်ပြသထားကြောင်း သိရသည်။

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲအတွင်း ထိုင်းနိုင်ငံ၏ ပြခန်းကို လာရောက်ကြည့်ရှုသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုပြပွဲအတွင်း မလေးရှားနိုင်ငံ၏ ပြခန်းကို လာရောက်ကြည့်ရှုသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အဓိကပြပွဲကြီးနှင့်အတူ စိုက်ပျိုးရေးဆိုင်ရာဖိုရမ်တစ်ခု၊ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချသည့် စျေးရောင်းပွဲတစ်ခုအပါအဝင် ဆက်စပ်အစီအစဥ် ၁၀ ခုကျော်လည်း စီစဥ်ပေးထားကြောင်း သိရသည်။

ယခုနှစ်ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံက ဂုဏ်ထူးဆောင်ဧည့်သည်တော်နိုင်ငံအဖြစ် ပါဝင်လာသလို ဘရာဇီး၊ အီတလီ၊ မလေးရှား၊ နယူးဇီလန်နှင့် ယူဂန္ဓာနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက ပါဝင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါကုန်စည်ပြပွဲက အရည်အသွေးမြင့်သည့် နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများတည်ထောင်ရေးအတွက် ဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေမည်ဖြစ်သလို စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————-
(English Version)
International agricultural trade fair opens in north China’s Tianjin
TIANJIN, Oct. 17 (Xinhua)
The 22nd China International Agricultural Trade Fair opened in the northern Chinese city of Tianjin on Friday, bringing together nearly 4,000 exhibitors from around the world.
The event aims to showcase agricultural innovation while promoting trade and international cooperation. Visitors this year can explore approximately 25,000 products, with organizers expecting over 50,000 buyers and trade professionals to attend.
Hosted by China’s Ministry of Agriculture and Rural Affairs, the three-day fair spans more than 100,000 square meters and has zones dedicated to smart agriculture, agricultural technology and supportive industries for rural communities.
Alongside the main exhibition, more than 10 sideline events have been organized, including an agricultural forum and a livestreamed sales event.
This year’s fair features Thailand as the guest country of honor and includes participants from 19 countries, including Brazil, Italy, Malaysia, New Zealand and Uganda. It will facilitate discussions on and the establishment of high-quality international agricultural cooperation platforms, and promote practical cooperation on agricultural trade. ■
Photo:1
People visit the 22nd China International Agricultural Trade Fair in north China’s Tianjin Municipality, Oct. 17, 2025. (Xinhua/Sun Fanyue)
Photo:2
People visit the exhibition zone of agricultural technology during the 22nd China International Agricultural Trade Fair in north China’s Tianjin Municipality, Oct. 17, 2025. (Xinhua/Sun Fanyue)
Photo:3
People visit the booth of Thailand during the 22nd China International Agricultural Trade Fair in north China’s Tianjin Municipality, Oct. 17, 2025. (Xinhua/Sun Fanyue)
Photo:4
People visit the booth of Italy during the 22nd China International Agricultural Trade Fair in north China’s Tianjin Municipality, Oct. 17, 2025. (Xinhua/Sun Fanyue)
Photo:5
People visit the booth of Malaysia during the 22nd China International Agricultural Trade Fair in north China’s Tianjin Municipality, Oct. 17, 2025. (Xinhua/Sun Fanyue)