Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် သိုးကောင်ရေအများဆုံးကင်နိုင်မှုဖြင့် ဂင်းနစ်စံချိန်တင်

သိုးကောင်လုံးကင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟွက်ဟောက် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူယွမ်နယ်မြေတွင် “သိုးကောင်ရေအများဆုံး တစ်ပြိုင်နက်ကင်နိုင်မှု” ဖြင့် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၅ ရက်က စုစုပေါင်း သိုးကောင်ရေ ၅၀၀ အား မတူညီသည့် ဟင်းချက်သူများက တစ်ချိန်တည်းမှာ ကင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အချိန် ၂ နာရီခွဲကြာမြင့်ပြီးနောက် အဆိုပါ သိုးသားကင်များအား စားသုံးရန် အသင့်ဖြစ်ခဲ့ကြောင်း သိရသည်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ ထောက်ခံချက်အရာရှိက စစ်ဆေးပြီးနောက် သိုးကောင်လုံးကင် ၄၉၉ ခုမှာ မှတ်တမ်းဆိုင်ရာစံနှုန်းကိုက်ညီပြီး တစ်ခုမှာမူ အကျက်လွန်သွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်တွင်မူ ယင်းလုပ်ဆောင်မှုအား ဦးဆောင်စီစဉ်သူ Jinmai Lift Technology Co., က “သိုးကောင်လုံးအများဆုံး တစ်ပြိုင်နက်ကင်နိုင်မှု” အတွက် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန် ဆွတ်ခူးသွားခဲ့သည်။

ဝူယွမ်နယ်မြေသည် Inner Mongolia တွင် အဓိက သိုးမွေးမြူရေးအခြေစိုက်နေရာတစ်ခု ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်က ဒေသတွင်း သိုးသား ဂုဏ်သတင်းအား မြှင့်တင်ပေးရန် မျှော်လင့်ကြောင်း ဦးဆောင်စီစဉ်သူက ပြောခဲ့သည်။

သိုးကောင်လုံးကင်မှာ တရုတ်နိုင်ငံရှိ မွန်ဂိုလီးယား မျိုးနွယ်စု၏ ရိုးရာအစားအစာဖြစ်ပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များ သို့မဟုတ် အရေးပါသော အချိန်အခါသမယများတွင် ပြင်ဆင်တည်ခင်းဧည့်ခံလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.