Connect with us

Culture & Entertainment

တရုတ်နိုင်ငံ သမ္မတနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘုရင်တို့ ပန်ဒါအမြွှာမွေးဖွားခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ဖလှယ်

ဘယ်လ်ဂျီယံနိုင်ငံတွင် မွေးဖွားသော ပန်ဒါသားပေါက် အမြွှာလေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ် (Philippe) တို့သည် ဘယ်လ်ဂျီယံတွင် သြဂုတ်လက ပန်ဒါကြီးမျိုးနှစ်ကောင် မွေးဖွားမှုအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ပန်ဒါသားပေါက်လေးနှစ်ကောင် မွေးဖွားခြင်းက ပူးတွဲအခမ်းအနားများ ပြုလုပ်ရန် ထိုက်တန်ကြောင်း၊ ၎င်းတို့သည် တရုတ်-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု၏ လှပသောပုံပြင်သစ်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီက သဝဏ်လွှာတွင် ထည့်သွင်းရေးသားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ်ကလည်း ပန်ဒါအမြွှာလေး မွေးဖွားခြင်းက သတင်းကောင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ်စုံတွင် ချောမွေ့သော ပူးပေါင်းဆောင်ရွက်မှုအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံသို့ တရုတ်အစိုးရကငှားရမ်းထားသော ပန်ဒါကြီးမျိုး ဟောင်းဟောင်သည် ဘယ်လ်ဂျီယံရှိ Hainaut ပြည်နယ် အနောက်ပိုင်းရှိ တိရစ္ဆာန်ရုံတစ်ခုတွင် အလေးချိန် ၁၆၀ ဂရမ်ရှိသော ပန်ဒါအထီးတစ်ကောင်နှင့် အလေးချိန် ၁၅၀ ဂရမ်ရှိသော ပန်ဒါအမတစ်ကောင်အား သြဂုတ်လက မွေးဖွားခဲ့ခြင်းသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.