Connect with us

Culture & Entertainment

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ထူထောင် ခြင်း ၆၆ နှစ်ပြည့် ဧည့်ခံ အခမ်းအနား ပွဲကြီး ကျင်းပ

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ထူထောင် ခြင်း ၆၆ နှစ်ပြည့် ဧည့်ခံ အခမ်းအနား ပွဲကြီးတွင် တရုတ် နိုင်ငံ တော်ခေါင်းဆောင် များအား မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီ မှ စက်တင်ဘာ ၃၀ နေ့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ဧည့်ခံပွဲ ပြုလုပ်၍ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတော် ထူထောင်ခြင်း ၆၆ နှစ်ပြည့် အခမ်းအနားပွဲကြီး ကျင်းပ ခဲ့သည်။ အခမ်းအနား သို့ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၊ တရုတ် နိုင်ငံတော် ကောင်စီ ဥက္ကဌ ကျန်တယ်ကျန်း ၊ လျိုယွန်စန်း ၊ ကျန်းကောင်းလိ စသည့် ခေါင်းဆောင်များ နှင့် ပြည်တွင်း ပြည်ပ မှ ဧည့်သည်တော် စုစုပေါင်း ၁၁၀၀ ခန့် တက်ရောက် ၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ၆၆ နှစ်ပြည့် ကို ဂုဏ်ပြု ခဲ့ကြသည်။

အခမ်းအနား စတင်ချိန် တွင် ဧည့်ပရိတ်သတ် အားလုံးမှ ထ၍ တရုတ် နိုင်ငံတော် သီချင်း အား တီဆိုခဲ့သည်။ ထို့နောက် တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန် မှ တရုတ်နိုင်ငံ ကိုယ်စား ပြည်တွင်းရှိ ပြည်သူလူထု အားလုံး အား တရုတ် အမျိုးသားနေ့ အတွက် ဆုမွန်တောင်း စကားပြောကြား ခဲ့သည်။ ထို့ပြင် ဟောင်ကောင် ၊ မကာအို နှင့် ထိုင်ဝမ် ရှိ ပြည်သူ များနှင့် ပင်လယ်ရပ်ခြားရှိ တရုတ် လူမျိုးများအား မေတ္တာ စကား ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ ၏ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေး ခဲ့သည့် မိတ်ဆွေ များအားလုံး ကိုလဲ ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

လီခဲ့ချန် မှ ယခုနှစ် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု နှင့် တစ်နိုင်ငံလုံးရှိ အစိုးရ အဖွဲ့ဝင် အားလုံး၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် လုပ်ငန်း အဘက်ဘက်တွင် အောင်မြင်မှု အသစ်များ ရရှိခဲ့ပြီး ယခုနှစ် စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အား အကောင်အထည်ဖော် နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း အနေဖြင့် တိုးတက်မှု ၇ ရာခိုင်နှုန်း အား ထိန်းသိမ်း ထားနိုင်ခြင်း မှာ အလွန်မလွယ်ကူကြောင်း ၊ ရင်ဆိုင်ကြုံတွေ့ ရသည့် အခွင့်အရေး နှင့် စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်း၍ တရုတ် နိုင်ငံ စီးပွာရေး လုပ်ငန်း အား တိုးတက်ရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး သည် လူမျိုးစု ၏ အခြေခံ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းကြီး ဖြစ်ကြောင်း ၊ ပြုပြင်ပြောင်းလည်းရေး ၏ အောင်မြင်မှု ကို ပြည်သူလူထု ၏ ပျော်ရွှင်ချမ်းမြေ့မှု နှင့် တိုင်းတာ ရမည် ဖြစ်ကြောင်း ၊ ပြည်သူလူထု ၏ ဝင်ငွေတိုးတက်ရေး ၊ အခက်အခဲများ ဖြေရှင်းရေး ၊ ပညာရေး အခက်အခဲ ရှိသူ ကူညီရေး ၊ နာမကျန်းသူ ကူညီထောက်ပံ့ရေး ၊ လူငယ် များ လုပ်ငန်းသစ် ထူထောင်မှု အခက်အခဲမရှိရေး ၊ လူနေမှု ဘဝ ပိုမို ကောင်းမွန်စေရေး နှင့် ပြည်သူလူထု ဘဝ ဆက်လျက် ပျော်ရွှင်ချမ်းမြေ့စေရေး တို့ကို နည်းလမ်း မျိုးစုံ ဖြင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် မှ ကြိုးစား မှသာ အနာဂတ် အောင်မြင်မှု ကို ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု ဖြင့် အတူတကွ စီးလုံးညီညွတ်စွာ ဘက်စုံ ၄ ခု မဟာဗျူဟာ ကို လိုက်နာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ပြီး တရုတ် လူမျိုး တို့၏ ကြီးကျယ် ခန်းနား သည့် တိုးတက်ရေး အိပ်မက်အား အကောင်ထည်ဖော် နိုင်ရန် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား သို့ တရုတ် နိုင်ငံ ဌာန အသီးသီး မှ ခေါင်းဆောင်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မှ ကိုယ်စားလှယ်များ ၊ နိုင်ငံတကာ နာမည်ကြီး ပုဂ္ဂိုလ် များ ၊ နိုင်ငံ တကာ မှ တရုတ် နိုင်ငံရှိ သံအမတ် များ နှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များ တက်ရောက် ခဲ့ကြသည်။(Xinhua)