Culture & Entertainment
သမ္မတရှီက စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နှင့် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးရန် လိုအပ်ချက်များပြောကြား

ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် နှင့် လူသားတို့အတွက်ကောင်းမွန်သော အနာဂတ်တစ်ခုကို ဦးတည်နိုင်စေရန်အတွက် ယဉ်ကျေးမှု ၊ စီးပွားရေး နှင့် နည်းပညာဆိုင်ရာစွမ်းအားများ လိုအပ်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်းမြို့၌ကျင်းပသည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ(CDAC) ၌ အဖွင့်မိန့်ခွန်းပြောကြားစဉ် ရှီက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ လူသားများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ၏ ရည်မှန်းချက်မှာ တန်းတူဆွေးနွေးဖလှယ်မှု ၊ အပြန်အလှန်လေ့လာသင်ယူမှု နှင့် အာရှ နှင့် အခြားကမ္ဘာ့နိုင်ငံများတွင် ယဉ်ကျေးမှုဆိုင်ရာ နှစ်ဖက်အပြန်အလှန်မှုအားပေးမှုတို့အတွက် လျှောက်လမ်းစြင်္က ံသစ်တစ်ခုကို တည်ဆောက်သွားရန်အတွက်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။(Xinhua)