Culture & Entertainment
“Journey to the West” တီဗီ ဇာတ်လမ်းတွဲ ဇာတ်ဝင်သီချင်း ဖန်တီးသူ ကွယ်လွန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ထင်ရှားသည့် ပြဇာတ်ရေး ဆရာနှင့် တေးရေး ဆရာ အသက် ၈၆ နှစ်အရွယ် ရန်စု (Yan Su)သည် ဖေဖော်ဝါရီလ ၁၂ ရက်က ကွယ်လွန်ခဲ့ကြောင်း သိရသည်။
PLA လေတပ် အထွေထွေ ဆေးရုံကြီး၌ ဆေးကုမှုများ လက်လျှော့ခဲ့ပြီးသည့်နောက် နံနက် ၃း၀၇ နာရီတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ရန်သည် အော်ပရာ၊ ဒရာမာနှင့် တေးဂီတများ အတွက် ဆုပေါင်း ၁၀၀ ကျော်ရရှိခဲ့ပြီး၊ ၎င်း၏ အနုပညာအပေါ် ခင်တွယ်မှုနှင့် အကျင့်သိက္ခာကြောင့် အများက ချီးမွမ်းခြင်းခံရသူ ဖြစ်သည်။
“Journey to the West” တီဗီဇ ာတ်လမ်းတွဲ ဇာတ်ဝင်သီချင်း ဖြစ်သော “Dare to ask where is the road” အပါအဝင် ကျော်ကြားသည့် တေးသီချင်းပေါင်း များစွာကို ပုံဖော်ရေးစပ်ခဲ့သူ ဖြစ်သည်။
ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ခဲ့ပြီး နောက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ကိုမာရောဂါ ခံစားခဲ့ရသည်။ (Xinhua)