Connect with us

Culture & Entertainment

ပေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားပေါင်း ၅ဝဝ ကျော် ပါဝင်ပြမည်

၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ၄ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းပုံ (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၉ ရက် ( ဆင်ဟွာ )

ဧပြီလ ၁၆ ရက်နေ့တွင် စတင်ကျင်းပမည့် ၆ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (BJIFF) ၌ ဇာတ်ကားပေါင်း ၅ဝဝ ကျော် ပြသသွားမည်ဟု သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသခွင့် ရရန် နိုင်ငံပေါင်း ၁ဝ၅ နိုင်ငံမှ ရုပ်ရှင် ဇာတ်ကားပေါင်း ၂,၃၂၉ ကားစာရင်း ပေးသွားထားသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ရိုက်ကူးထားသော ဇာတ်ကားပေါင်း ၃၆၅ ကား နှင့် အခြားနိုင်ငံများ၏ ရုပ်ရှင် ကုမ္ပဏီများမှ ရိုက်ကူးထားသော ဇာတ်ကားပေါင်း ၁,၉၆၄ ကား ပါဝင်မည်ဟု သိရသည်။

ပေကျင်း မြို့တော်ရှိ ရုပ်ရှင်ကြည့် ပရိသတ်များအတွက် ဇာတ်ကားပေါင်း ၅ဝဝ ကျော်ကို ပြသသွားရန် စီစဉ်ထားပြီး ၎င်းရုပ်ရှင် ဇာတ်ကားများကို ပေကျင်း မြို့တော်အတွင်းရှိ တက္ကသိုလ် ၅ ခု နှင့် ရုပ်ရှင်ရုံပေါင်း ၂၅ ရုံတို့တွင် စုစုပေါင်း အကြိမ်ရေ ၁,ဝဝဝ ထိ ထုတ်လွှင့် ပြသွားမည်ဖြစ်သည်။

ယခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကား စိစစ် ရွေးချယ် မှုကို ဧပြီလ ၈ ရက်မှ စတင်ကာ ရုပ်ရှင်ပွဲတော် ပြီးဆုံးသည့် ၂၃ ရက် အထိ ပြုလုပ်သွားမည် ဟုဆိုသည်။

ယခုနှစ်အတွက် ဇကာတင် ရုပ်ရှင်ဇာတ်ကား ၂ဝ စာရင်းတွင် “ China story” ၊ “ window to Asia” ၊ “ power of writing ” နှင့် “ maiden works” တို့ပါဝင်နေသည်။ လွန်ခဲ့သော နှစ်က (BJIFF) ရုပ်ရှင်ပွဲတော်အတွင်း ဇာတ်ကားပေါင်း ၃ဝဝ ကျော် ပြသခဲ့ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၁၃.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ) ကျော်ရှိကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.