Culture & Entertainment
တရုတ်နိုင်ငံတွင် ပန်ဒါဝက်ဝံများ အိမ်အသစ်ပြောင်းရာ ပန်ဒါဝက်ဝံအခြေစိုက်စခန်း အသစ်တစ်ခုတိုး
ချိန်တူး၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ကာကွယ်ရေး သုတေသနစင်တာ ဝေါ့လုံရှန်စုဖိန်နှင့် တူးကျန်းယန့် အခြေစိုက်စခန်းမှ ပန်ဒါဝက်ဝံ ၁၃ ကောင်သည် နိုဝင်ဘာ ၄ ရက်တွင် အသစ်စတင်အသုံးပြုသည့် မြန်ယန်အခြေစိုက်စခန်းရှိ “အိမ်အသစ်” သို့ ရွှေ့ပြောင်းခဲ့သည်။ ယင်းသည် အချိန် ၃ နှစ်ကြာ တည်ဆောက်ထားသော တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ကာကွယ်ရေး သုတေသနစင်တာ မြန်ယန်အခြေစိုက်စခန်း စမ်းသပ်လည်ပတ်မှုကို သင်္ကေတပြုနေပြီး စင်တာက တူးကျန်းယန့်၊ ဝေ့ါလုံ၊ ရာအန်းအပြင် မြန်ယန်အခြေစိုက်စခန်းတစ်ခု ထပ်တိုးလာခြင်း ဖြစ်ပေသည်။

ပန်ဒါဝက်ဝံစင်တာ မြန်ယန်အခြေစိုက်စခန်းသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် မြန်ယန် သိပ္ပံနည်းပညာမြို့ ဇုန်အသစ် ကူလိုတောင် ဂေဟဥယျာဉ်တွင် တည်ရှိသည်။ ဧရိယာပေါင်း ၁၂၀ ဟက်တာခန့်ရှိသည့် အခြေစိုက်စခန်းတွင် ပတ်ဝန်းကျင်သာယာလှပသော၊ ပန်ဒါဝက်ဝံမွေးမြူရေး တောင်းဆိုချက်အား ဖြည့်ဆည်းပေးနိုင်သော ပန်ဒါဝက်ဝံခြံ အစုံ ၅၀ ကျော် တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)
——————————————–
(Chinese Version)
熊猫搬新“家” 我国再添一座大熊猫基地
新华社照片,成都,2025年11月4日
11月4日,中国大熊猫保护研究中心卧龙神树坪和都江堰基地的13只熊猫搬入新启用的绵阳基地“新家”,这标志着历时3年建成的中国大熊猫保护研究中心绵阳基地投入试运行,中心在都江堰、卧龙、雅安之外,又添绵阳一座基地。
熊猫中心绵阳基地位于四川绵阳科技城新区鼓楼山生态公园,用地约120公顷,基地建设有50余套环境优美、满足大熊猫饲养要求的大熊猫圈舍。
1、11月4日,在中国大熊猫保护研究中心绵阳
