Connect with us

Culture & Entertainment

ရှန်ဟိုင်းဒစ္စနေလန်းက ၂၀၂၄ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၁၄.၇ သန်းကို ကြိုဆိုခဲ့ဟု အစီရင်ခံစာ ဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၏ ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်း၌ မစ်ကီ၏ ဦးခေါင်း ပုံသဏ္ဍာန်ရှိ မီးပုံးများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းဒစ္စနေလန်းသည် ၂၀၂၄ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၁၄.၇ သန်းကို လက်ခံကြိုဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် လာရောက်လည်ပတ်မှုအများဆုံး ဇာတ်လမ်းနောက်ခံပြု အပန်းဖြေဥယျာဉ်အဖြစ် ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၌ ရုံးချုပ်စိုက်သည့် အကျိုးအမြတ်အတွက် မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း Themed Entertainment Association မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ရှန်ဟိုင်းဒစ္စနေလန်းသည် ကမ္ဘာ့ထိပ်တန်း ၁၀ ခုတွင် အလျင်မြန်ဆုံး ကြီးထွားလျက်ရှိသည့် အပန်းဖြေဥယျာဉ်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူအရေအတွက်မှာ လွန်ခဲ့သည့်နှစ်က ၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးနှင့် လာရောက်လည်ပတ်မှုအများဆုံး ဇာတ်လမ်းနောက်ခံပြု အပန်းဖြေဥယျာဉ်အဖြစ်လည်း ၎င်း၏ ရပ်တည်ချက်ကို ထိန်းထားနိုင်ခဲ့သည်။

အာရှ-ပစိဖိတ်ဒေသ၏ ဇာတ်လမ်းနောက်ခံပြု အပန်းဖြေဥယျာဉ်ဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယင်းမှာ ထူးခြားထင်ရှားစွာ စွမ်းဆောင်နိုင်ခဲ့သည့် ရှန်ဟိုင်းဒစ္စနေးလန်းတည်ရှိရာ တရုတ်နိုင်ငံ၏ အဓိကမောင်းနှင်အားကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ Universal Beijing Resort နှင့် Shanghai Haichang Ocean Park အပါအဝင် အခြားတရုတ်အပန်းဖြေဥယျာဉ်များကလည်း သိသာထင်ရှားစွာ အထောက်အကူပြုခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လ၌ ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းဒစ္စနေးလန်းပါဝင်သည့် ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်း၌ တိုးချဲ့ရေးစီမံကိန်းများကို လက်ရှိတွင် အပြည့်အဝလုပ်ဆောင်လျက်ရှိသည်။ ယင်းစီမံကိန်းများတွင် ပင့်ကူလူသား ဇာတ်လမ်းနောက်ခံပြုနေရာနှင့် တတိယမြောက် ဇာတ်လမ်းနောက်ခံပြု ဒစ္စနေဟိုတယ်တစ်ခု တည်ဆောက်ခြင်းအပြင် Soaring Over the Horizon နေရာ၏ ဆွဲဆောင်နိုင်စွမ်းကို တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………………………………………..
(English Version)
Shanghai Disneyland welcomed 14.7 mln visitors in 2024: report
SHANGHAI, Oct. 25 (Xinhua) — Shanghai Disneyland received 14.7 million visitors in 2024, maintaining its position as the fifth-most-visited theme park globally, according to a recent report from the Themed Entertainment Association, an international non-profit organization headquartered in the United States.
Shanghai Disneyland was the fastest-growing park among the global top 10, witnessing a year-on-year attendance increase of 5 percent last year. It also retained its title as China’s most popular and most-visited theme park.
The report said that the Asia-Pacific theme park market maintained a growth rate of 3.2 percent in 2024, driven primarily by China, where Shanghai Disneyland was a standout performer. Other Chinese parks were also significant contributors, including Universal Beijing Resort and Shanghai Haichang Ocean Park.
Expansion projects are currently in full swing at Shanghai Disney Resort, which opened in June 2016 and features Shanghai Disneyland. These projects include the construction of a Spider-Man themed land and a third themed Disney hotel, as well as an expansion of the Soaring Over the Horizon attraction capacity. ■
English Caption
This photo taken on Jan. 22, 2025 shows lanterns in the shape of the head of Mickey at Shanghai Disney Resort of east China’s Shanghai. (Xinhua/Liu Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.