လားဆ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ပိုတာလာနန်းတော်ကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ တနင်္လာနေ့တိုင်း ပိတ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က တရားဝင်ဝက်ဘ်ဆိုက်၏ကြေညာချက်အရ သိရသည်။
အဆိုပါဆောင်ရွက်ချက်သည် ယဥ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းဗိသုကာလက်ရာများကို ကာကွယ်မှုအားကောင်းလာစေရန်၊ အခြေခံအဆောက်အအုံ ထိန်းသိမ်းစောင့်ရှောက်မှုတိုးမြှင့်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခရီးသွားဧည့်သည်အတွေ့အကြုံ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ကြောင်း ပြတိုက်လုပ်ငန်း၏ ပုံမှန်လုပ်ငန်းစဥ်များနှင့်ကိုက်ညီစေရန်ဖြစ်ကြောင်း နန်းတော်စီမံခန့်ခွဲရေးရုံးက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပြဋ္ဌာန်းဥပဒေအရ အမျိုးသားအားလပ်ရက်များမှလွဲ၍ ကျန်တနင်္လာနေ့တိုင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။ပိတ်ရက်များအတွင်း စီမံခန့်ခွဲရေးရုံးသည် ယဥ်ကျေးမှုအမွေအနှစ်များ စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်း၊ ပြပွဲများအဆင့်မြှင့်တင်ခြင်း၊ အများပြည်သူအဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းစေခြင်းကဲ့သို့ လုပ်ရိုးလုပ်စဥ်အလုပ်များ ဆောင်ရွက်မည်ဖြစ်သည်။
၇ ရာစုက တည်ဆောက်ခဲ့သည့် ပိုတာလာနန်းတော်သည် ရှီးဇန့်ရိုးရာပုံစံ မြေကြီး၊ ကျောက်တုံးနှင့် သစ်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး အခန်းပေါင်း ၁,၂၀၀ ကျော်ပါဝင်ကာ ၁၉၉၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည်။
အထူးသဖြင့် ပိုတာလာနန်းတော်က ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းနှင့်နိုင်ငံတကာမှခရီးသွားဧည့်သည် ၂ သန်းကျော် ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)
#PotalaPalace #China #Mondays #ပိုတာလာနန်းတော် #တရုတ်နိုင်ငံ #တနင်္လာနေ့
……….
(English Version)
Potala Palace in China’s Xizang to close on Mondays
LHASA, Nov. 17 (Xinhua) — The Potala Palace, a UNESCO World Heritage Site located in southwest China’s Xizang Autonomous Region, will implement a Monday closure policy effective Dec. 1, according to an announcement released on its official website on Monday.
This measure, aiming to strengthen the protection of its cultural relics and ancient architecture, enhance infrastructure maintenance and improve services and tourist experience, aligns with common practices in the museum industry, said its administration office.
The closure will apply every Monday, except on national statutory holidays.
During closure days, the management office will conduct routine activities such as inspections and repairs of cultural relics, updates to exhibitions, maintenance of public facilities and environmental sanitization.
Built in the 7th century, the Potala Palace, a typical Tibetan traditional earth-stone-wood structure with more than 1,200 rooms, was inscribed on the UNESCO World Heritage List in 1994.
Notably, it attracted over 2 million domestic and international tourists in 2024.
Photo : This photo taken on Sept. 25, 2025 shows a view of the Potala Palace in Lhasa, southwest China’s Xizang Autonomous Region. (Xinhua/Jigme Dorje)