Connect with us

Culture & Entertainment

ပရာ့ဂ်မြို့၌ကျင်းပသည့် လက်ဖက်ရည်ကုန်စည်ပြပွဲက တရုတ်နိုင်ငံနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို မီးမောင်းထိုးပြ

ပရာ့ဂ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် တရုတ်ဖူအယ်လက်ဖက်ခြောက်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့ကို အဓိကထားပြီး ကမ္ဘာတစ်ဝန်းမှ လက်ဖက်ခြောက်ကျွမ်းကျင်သူများ၊ ပြသသူများနှင့် ဝါသနာရှင်များကို စုစည်း၍ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲကို ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်၌ နိုဝင်ဘာ ၁၇ ရက်က ကျင်းပပြီးစီးခဲ့သည်။နှစ်ရက်ကြာမြင့်ခဲ့သည့် အဆိုပါအခမ်းအနားအတွင်း တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများသည် ဖူအယ်လက်ဖက်ခြောက်၏ သမိုင်းကြောင်း၊ ကစော်ဖောက်နည်းစနစ်များနှင့် ယဉ်ကျေးမှုအစဉ်အလာများကို ဟောပြောပွဲများနှင့် အရသာတိုက်ရိုက်မြည့်စမ်းကြည့်ခြင်းများမှတစ်ဆင့် မိတ်ဆက်ပေးခဲ့သည်။
ကရားနှုတ်သီးရှည်သည့် စီချွမ်းလက်ဖက်ရည်အိုးတည်ခင်းမှုနှင့်အတူ တရုတ်နိုင်ငံ ဝလူမျိုးစုဝင်များ၏ ရိုးရာ “လက်ဖက်ခြောက်လှော်ခြင်း” ဖျော်ဖြေမှုက လူထုစိတ်ဝင်စားမှုကို အခိုင်အမာဆွဲဆောင်ခဲ့သည်။

ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲအတွင်း တရုတ်လက်ဖက်ရည်တည်ခင်းခြင်းသရုပ်ပြတင်ဆက်မှုအား ကြည့်ရှုနေကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲတွင် လက်ဖက်ရည်ဟောပြောပွဲများ၊ ထိုက်ကျီသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဥရောပ၊ တရုတ်၊ အာဂျင်တီးနားနှင့် မြန်မာနိုင်ငံ ကိုယ်စားပြု ဟောပြောသူများမှ တင်ဆက်မှုများအပါအဝင် လက်ဖက်ရည်ယဉ်ကျေးမှုနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပေါင်းစပ်ထားသည့် အပြန်အလှန်အကျိုးပြု အစီအစဉ်အမျိုးမျိုး ပါဝင်ခဲ့သည်။ ဥရောပတစ်ဝန်းမှ လက်ဖက်ခြောက်နှင့် လက်ဖက်ရည်ခွက် အမှတ်တံဆိပ် ၃၀ ကျော်သည် ၎င်းတို့၏ ထုတ်ကုန်များကို ပြသခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲအတွင်း တရုတ်လက်ဖက်ရည်အား မြည်းစမ်းကြည့်ရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲအတွင်း တရုတ်လက်ဖက်ရည်တည်ခင်းရန် ကြိုးစားနေကြသည့်ကလေးများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆွေးနွေးမှုများတွင် ဂေဟစနစ်ဆိုင်ရာ လက်ဖက်ပင်စိုက်ပျိုးမှု၊ ကျန်းမာရေးနှင့်ညီညွတ်သော လက်ဖက်ရည်သောက်သုံးမှုနှင့် လက်ဖက်ခြောက်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအကြား ဆက်နွယ်မှုတို့လည်း ပါဝင်သည်။

အဆိုပါပွဲကို လက်ဖက်ရည်ယဉ်ကျေးမှု ပံ့ပိုးကူညီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချက်သမ္မတနိုင်ငံ ရန်ပုံငွေအဖွဲ့မှ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………
(English Version)
Tea expo in Prague highlights cultural exchanges with China
PRAGUE, Nov. 16 (Xinhua) — The 2025 Euro Tea Expo concluded on Sunday in Prague, bringing together tea experts, exhibitors and enthusiasts from around the world, with this year’s focus on Chinese Pu’er tea and southwest China’s Yunnan Province.
During the two-day event, experts from China introduced the history, fermentation techniques and cultural traditions of Pu’er tea through lectures and live tastings.
A traditional “tea roasting” performance by members of China’s Wa ethnic group, along with a Sichuan long-spout teapot ceremony, drew strong public interest.
The expo featured a wide range of interactive programs combining tea culture with physical and mental well-being, including tea lectures, Tai Chi classes, workshops and presentations from speakers representing Europe, China, Argentina and Myanmar. More than 30 tea and teaware brands from across Europe showcased their products.
Discussions also covered ecological tea cultivation, healthy tea consumption and the relationship between tea and sustainable development.
The event was organized by the Czech Endowment Fund for the Support and Development of Tea Culture. ■
English Caption 1
A girl tries Chinese tea ceremony with a long-spout teapot during the 2025 Euro Tea Expo held in Prague, the Czech Republic, Nov. 15, 2025. (Photo by Helena Kocova/Xinhua)
English Caption 2
People watch a performance of Chinese tea ceremony during the 2025 Euro Tea Expo held in Prague, the Czech Republic, Nov. 15, 2025. (Photo by Helena Kocova/Xinhua)
English Caption 3
People wait to taste Chinese tea during the 2025 Euro Tea Expo held in Prague, the Czech Republic, Nov. 15, 2025. (Photo by Helena Kocova/Xinhua)
English Caption 4
Children try Chinese tea ceremony during the 2025 Euro Tea Expo held in Prague, the Czech Republic, Nov. 15, 2025. (Photo by Helena Kocova/Xinhua)