Culture & Entertainment
မကာအိုသို့ နိုဝင်ဘာလအတွင်း လာရောက်လည်ပတ်သူဦးရေ ၃.၃၄ သန်းကျော်ရှိပြီး ၁၈.၁ ရာခိုင်နှုန်း မြင့်တက်လာ
မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လာရောက်လည်ပတ်သူ ၃,၃၄၅,၆၈၃ ဦး ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၈.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ စာရင်းအင်းနှင့် သန်းခေါင်စာရင်းဝန်ဆောင်မှု (DSEC) မှ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ချက်အရ သိရသည်။နေ့ချင်းပြန်လာရောက်လည်ပတ်သူဦးရေအနေဖြင့် ၃၁.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂,၀၃၅,၅၅၅ ဦး ရှိကာ ညအိပ်လာရောက်လည်ပတ်သူဦးရေမှာ ၂.၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁,၃၁၀,၁၂၈ ဦး ရှိခဲ့သည်။ နေ့ချင်းပြန်လာရောက်လည်ပတ်သူ အရေအတွက် မြင့်တက်လာသည်နှင့်အမျှ ပျမ်းမျှနေထိုင်ချိန်ကလည်း ယခင်နှစ်ကာလတူအောက် ၀.၂ ရက် လျော့နည်းသွားပြီး ၁ ရက်သာ ရှိကြောင်း DSEC မှ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဆီနေဒိုရင်ပြင်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သူဦးရေက ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ၂,၃၉၇,၀၄၃ ဦး ရှိကာ တစ်ဦးချင်းလာရောက်လည်ပတ်မှု အစီအစဉ်အရ လာရောက်လည်ပတ်သူများမှာ ၃၆.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ လာရောက်လည်ပတ်သူများကလည်း ၅.၄ ရာခိုင်နှုန်းနှင့် ၂၇.၁ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်လာခဲ့ပြီး နိုင်ငံတကာမှ လာရောက်လည်ပတ်သူမှာ စုစုပေါင်း ၂၇၃,၉၅၀ ဦးရှိခဲ့ကာ ၁၃.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လအတွင်း မကာအိုသို့ လာရောက်လည်ပတ်သူ စုစုပေါင်းမှာ ယခင်နှစ် ကာလတူထက် ၁၄.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၃၆.၄၉ သန်းခန့် ရှိသည်ဟုလည်း အဆိုပါဝန်ဆောင်မှုက ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(English Version)
Macao logs over 3.34 mln visitor arrivals in November, up 18.1 pct
MACAO, Dec. 19 (Xinhua) — Macao recorded 3,345,683 visitor arrivals in November 2025, up 18.1 percent year-on-year, according to the Statistics and Census Service (DSEC) of the special administrative region (SAR) on Friday.
Same-day visitors rose 31.5 percent to 2,035,555, while overnight visitors increased 2.1 percent to 1,310,128. The average length of stay shortened by 0.2 days year-on-year to 1.0 day, the DSEC reported, as the share of same-day visitors increased.
Visitors from the Chinese mainland climbed 21.9 percent to 2,397,043, with those traveling under the Individual Visit Scheme surging 36.1 percent. Visitors from Hong Kong and Taiwan rose 5.4 percent and 27.1 percent, respectively, while international visitors totaled 273,950, up 13.6 percent.
The service also revealed that in the first 11 months of 2025, total visitor arrivals increased 14.4 percent year-on-year to some 36.49 million. ■
English Caption 1
Tourists visit the Ruins of St. Paul’s in south China’s Macao, Dec. 12, 2024.
English Caption 2
Tourists visit the Senado Square in south China’s Macao, Dec. 12, 2024.
