Connect with us

Culture & Entertainment

မွန်ဂိုလီးယားနိုင်ငံတွင်ကျင်းပခဲ့သော တရုတ်နိုင်ငံသံရုံး၏ Open Day အခမ်းအနားက လူရာပေါင်းများစွာကို ဆွဲဆောင်

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ရှိ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးတွင် ပြုလုပ်ခဲ့သည့် Open Day အခမ်းအနားတွင် မွန်ဂိုလီးယားကျောင်းသားတစ်ဦးက ၎င်း၏ အနုပညာဖန်တီးမှုကို တင်ဆက်ပြသနေမှုအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အူလန်ဘာတာ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ဒီဇင်ဘာ ၅ ရက်က လက်ခံကျင်းပခဲ့သော Open Day အခမ်းအနားကို မြို့တော် အူလန်ဘာတာရှိ မူလတန်းနှင့် အလယ်တန်းကျောင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက် ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။အဆိုပါအခမ်းအနားတွင် လက်ရေးလှရေးခြင်း၊ ပန်းချီဆွဲခြင်းနှင့် ရိုးရာလက်မှုပညာ သရုပ်ပြခြင်း အစီအစဉ်များပါဝင်ခဲ့သလို တရုတ်နှင့် မွန်ဂိုလီးယား ယဉ်ကျေးမှုများ၏ နှစ်လိုဖွယ်ရာကောင်းသော အရသာတစ်ခုကိုလည်း ပါဝင်ဆင်နွှဲသူများအား ပေးစွမ်းနိုင်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ရှိ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးတွင် ပြုလုပ်ခဲ့သည့် Open Day အခမ်းအနားတွင် အနုပညာပြခန်းကို ကြည့်ရှုနေကြများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အခမ်းအနားတွင် တရုတ်နိုင်ငံသံရုံးနှင့် မွန်ဂိုလီးယားကလေးများ တီထွင်ဖန်တီးမှုစင်တာတို့မှ ပူးတွဲ စီစဉ်ကျင်းပသော ယဉ်ကျေးမှုပွဲတော်တစ်ခုကလည်း အများမျက်စိကျစရာတစ်ခုဖြစ်ခဲ့သည်။ မင်ဆေး ပန်းချီဆွဲခြင်း၊ ရက်ကန်းရက်ခြင်း၊ စက္ကူညှပ်ခြင်းနှင့် ပန်းထိုးခြင်းကဲ့သို့သော တရုတ်ရိုးရာ လက်မှုပညာ များကိုလည်း တိုက်ရိုက်လက်တွေ့သရုပ်ပြသခဲ့ရာ ကလေးငယ်များအတွက် အဆိုပါ ကိုယ်တွေ့ ကျွမ်းကျင်မှုများ၏အလှတရားကို တွေ့ကြုံခံစားနိုင်ရန် လမ်းဖွင့်ပေးသလိုဖြစ်စေခဲ့သည်။ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုအတွက် ဆုမွန်ကောင်းတောင်းပေးမှုများ၊ ပိုမိုကောင်းမွန်သော ဘ၀တစ်ခုအတွက် မျှော်မှန်းချက်များနှင့်အတူ လက်ရာတစ်ခုစီတိုင်းတွင် အရည်အသွေးများ ပြည့်၀ လျက်ရှိသော မွန်ဂိုလီးယားလူငယ်များ၏ တီထွင်ဖန်တီးမှုဆိုင်ရာအောင်မြင်မှုများကို မြင်တွေ့နိုင်သည့် အနုပညာပြပွဲတစ်ခုကိုလည်း ခင်းကျင်းပြသနိုင်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ရှိ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးတွင် ကျင်းပခဲ့သည့် “တရုတ်နိုင်ငံနဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်း” ဗီဒီယို ဇာတ်ကားတိုပြိုင်ပွဲအတွက် ဆုပေးပွဲအခမ်းအနား ပြုလုပ်နေမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Shen Minjuan က တရုတ်နိုင်ငံနှင့် အတူတကွ လျှောက်လှမ်းခြင်းမှာ အခွင့်အရေးနှင့် အတူတကွလျှောက်လှမ်းခြင်းဖြစ်သလို တရုတ်နိုင်ငံအပေါ် ယုံကြည်ခြင်းမှာလည်း အနာဂတ်ကို ယုံကြည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေးကို ပူးတွဲတည်ဆောက်မှု၊ ၎င်းတို့ကို တရုတ်ဘာသာစကားသင်ယူရန်၊ တရုတ် နိုင်ငံတွင်ပညာသင်ကြားရန်နှင့် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရန် အားပေးမှုတို့ကို အမွေဆက်ခံ ထိန်းသိမ်းလိမ့်မည်ဆိုသော ၎င်း၏မျှော်လင့်ချက်ကိုလည်း သံအမတ်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
အခမ်းအနားကာလအတွင်း “My Story with China ” (တရုတ်နိုင်ငံနဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်း) ဗီဒီယို ဇာတ်ကားတိုပြိုင်ပွဲအတွက် ဆုပေးပွဲအခမ်းအနားတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။ (Xinhua)
———————————–
(English Version)
Chinese embassy’s open day event captivates hundreds in Mongolia
ULAN BATOR, Dec. 6 (Xinhua)
The Embassy of China in Mongolia on Friday hosted an open day event, which was attended by more than 200 primary and secondary school teachers, students and parents in Ulan Bator.
The event featured calligraphy, painting, and traditional crafts, offering participants a taste of the charm of Chinese and Mongolian cultures.
At the event, a cultural event jointly organized by the Chinese embassy and the Mongolian children’s creative center was a highlight. Traditional Chinese crafts such as ink painting, weaving, paper cutting, and embroidery were demonstrated live, allowing children to experience the beauty of these skills firsthand.
An art exhibition also showcased the creative achievements of Mongolian youth, with each work brimming with aspirations for a better life and blessings for the friendship between the two countries.
Chinese Ambassador to Mongolia Shen Minjuan said that walking alongside China is walking alongside opportunity, and believing in China is believing in tomorrow.
She expressed hope that the students would inherit the friendship between China and Mongolia, and jointly build bilateral relations, encouraging them to learn Chinese, study in China, and visit China.
During the event, an awards ceremony was held for the “My Story with China” short video competition. ■
Photo-1:
A Mongolian student displays his artwork during an open day event held at the Chinese Embassy in Mongolia, in Ulan Bator, Mongolia, Dec. 5, 2025. (Xinhua/Bolortsetseg)
Photo-2:
People view an art exhibition during an open day event held at the Chinese Embassy in Mongolia, in Ulan Bator, Mongolia, Dec. 5, 2025. (Xinhua/Bolortsetseg)
Photo-3:
The award ceremony for the short video competition “My Story with China” is held at the Chinese Embassy in Mongolia, in Ulan Bator, Mongolia, Dec. 5, 2025. (Xinhua/Bolortsetseg)