Culture & Entertainment
အာကာသစခန်းရှိ အာကာသယာဉ်မှူးများက ဆုမွန်ကောင်းများ၊ လတ်ဆတ်သောကိတ်မုန့်ဖြင့် မြင်းနှစ် တရုတ်နှစ်သစ်ကူးကို နှုတ်ခွန်းဆက်သ
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ တွင် နေထိုင်ကာ ယခုနှစ်နွေဦးပွဲတော်၌ နေအိမ်ပြန်နိုင်ခြင်းမရှိသော်ငြားလည်း တရုတ်အာကာသယာဉ်မှူးများသည် တရုတ်ရိုးရာအားလပ်ရက်ကို ချိုမြိန်နွေးထွေးစွာ ကျင်းပဆင်နွှဲနိုင်ရန် ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။အာကာသနန်းတော်ဟု အဓိပ္ပါယ်ရသည့် ထျန်းကုန်းအာကာသစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများသည် မြင်းနှစ် တရုတ်နှစ်သစ်ကူးကို ဆင်နွှဲလျက်ရှိပေသည်။ တရုတ်နှစ်သစ်ကူးအကြိုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၆ ရက်တွင် အာကာသယာဉ်မှူး သုံးဦးတို့သည် တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) က ထုတ်ပြန်သော ဗီဒီယိုမှတစ်ဆင့် နှုတ်ခွန်းဆက်စကားများ ပေးပို့ခဲ့ကြသည်။
“အကောင်းမွန်ဆုံးနှင့် ငြိမ်းချမ်းမှုတွေ အားလုံးရရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်” ဟု ကွပ်ကဲရေးမှူး ကျန်းလုက ပြောကြားခဲ့သည်။ ယင်းမှာ ၎င်းအတွက် အာကာသအတွင်း နှစ်သစ်ကူးပွဲတော်ဆင်နွှဲသည့် ဒုတိယအကြိမ်လည်း ဖြစ်သည်။ ကျန်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရှန်ကျိုး-၁၅ မစ်ရှင်ဖြင့် လိုက်ပါခဲ့ဖူးကာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အချိန်ခြောက်လကြာ နေထိုင်ခဲ့ဖူးသူ ဖြစ်သည်။
အာကာသယာဉ်မှူး ဝူဖေးကမူ ပထမဆုံးအကြိမ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း နွေဦးပွဲတော်ကို ဖြတ်သန်းရခြင်းဖြစ်ကာ အသစ်အဆန်းခံစားမှုနှင့် ဂုဏ်ယူဖွယ်ကောင်းသည့် အတွေ့အကြုံအဖြစ် ၎င်းက ပြောကြားခဲ့သည်။ “မြင်းနှစ်က တက်ကြွမှုအားမာန်တွေ တဟုန်ထိုးတိုးတက်စေပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ဖြစ်မြောက်အောင်ကြိုးပမ်းပြီးတော့ ချမ်းမြေ့ပျော်ရွှင်မှုအတွက် ဆက်လက်ကြိုးပမ်းကြပါစို့။ အန္တရာယ်ကင်းပြီး အဆင်ပြေချောမွေ့တဲ့ခရီးဖြစ်ပါစေကြောင်းနဲ့ ကောင်းသထက်ကောင်းမွန်တဲ့ ဘဝကို ရရှိပါစေကြောင်း ဆန္ဒပြုပါတယ်” ဟု လူငယ် အာကာသအင်ဂျင်နီယာ ဝူဖေးက ဆိုသည်။
အာကာသယာဉ်ပစ္စည်းတင်ဆောင်မှုကျွမ်းကျင်သူ အာကာသယာဉ်မှူး ကျန်းဟုန်ကျန်းအတွက်လည်း အာကာသ၌ တရုတ်နှစ်သစ်ကူး ဆင်နွှဲရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အာကာသစခန်းပေါ်ရှိ သိပ္ပံပညာရပ်ဆိုင်ရာလက်တွေ့စမ်းသပ်မှုများက ပုံမှန်တိုးတက်လျက်ရှိကြောင်း မျက်မှန်တပ်ဆင်လေ့ရှိပြီး ကဗျာချစ်မြတ်နိုးသူ အာကာသယာဉ်မှူး ကျန်းဟုန်ကျန်းက “နှစ်သစ်မှာ တစ်ဟုန်ထိုးပြေးနေတဲ့မြင်းလိုမျိုး စကြဝဠာကို ဆက်လက်စူးစမ်းလေ့လာကြပြီးတော့ ကျယ်ပြောလှတဲ့ ကြယ်ရောင်စုံကောင်းကင်တစ်ခွင်မှာ စာမျက်နှာသစ်တွေ ဆက်လက်ရေးသားကြမယ်” ဟု ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်တစ်ဖြစ်လဲ အာကာသယာဉ်မှူးဖြစ်သော ၎င်းက တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ ကြိုးပမ်းအားထုတ်မှုများ၏ ကြွယ်ဝမှုအတွက်လည်း ဆန္ဒပြုခဲ့ကာ “ကြိုးစားမှုတိုင်း အကျိုးခံစားကြရပါစေ” ဟု ဆုမွန်ကောင်းပို့သခဲ့သည်။
အထူးသဖြင့် ယခုအကြိမ်သည် ၂၀၂၂ ခုနှစ်က အာကာသစခန်းတည်ဆောက်ပြီးစီးချိန်မှစ၍ အာကာသစခန်း၌ အာကာသယာဉ်မှူးများ၏ စတုတ္ထအကြိမ် နွေဦးပွဲတော် ဆင်နွှဲကြခြင်းလည်း ဖြစ်သည်။နေအိမ်နှင့် ဝေးကွာစွာရှိနေသည့်တိုင်အောင် အာကာသစူးစမ်းလေ့လာရေးသမားများအနေဖြင့် ကမ္ဘာမြေပေါ်ရှိနေသူများကဲ့သို့ပင် ပွဲတော်၏ အလားတူနွေးထွေးမှုကို ခံစားနေရပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260216/809769beff7d495d9a71a2f523c415fb/c.html
……………………………………..
(English Version)
Space station crew rings in Year of the Horse with best wishes, fresh cake
BEIJING, Feb. 16 (Xinhua) — They are 400 km above Earth and cannot go home for the Spring Festival this year, but China’s taikonauts have found their own ways to make the traditional Chinese holiday warm and sweet.
The Shenzhou-21 crew aboard the space station Tiangong, which means Heavenly Palace, are celebrating the upcoming Chinese Lunar New Year, the Year of the Horse. On Monday, Chinese New Year’s Eve, the three taikonauts sent their greetings to Earth via a video released by the China Manned Space Agency.
“I wish everyone all the best and peace,” said commander Zhang Lu. This is the second time he has spent the festival in space. Zhang also took part in the Shenzhou-15 mission, launched in November 2022, and stayed in orbit for six months back then.
For taikonaut Wu Fei, this is his first Spring Festival in orbit, an experience he described as fresh and proud. “The Year of the Horse calls for the vigor of a galloping steed. Let us keep striving for our dreams and working for happiness,” the young flight engineer said. “I wish you a safe and smooth journey ahead, and a life that gets better and better.”
It is also the first time payload specialist Zhang Hongzhang has rung in Chinese New Year in space. Noting that scientific experiments on the space station are progressing steadily, the bespectacled, poetry-loving taikonaut said: “In the new year, we will continue to explore the cosmos like a galloping horse, writing new chapters in the vast starry sky.” As a scientist-turned-taikonaut, he also made a wish for the prosperity of China’s science and technology efforts, saying: “May every endeavor be rewarded.”
Notably, this is the fourth Spring Festival taikonauts have celebrated aboard the space station since it was completed in 2022. https://english.news.cn/20260216/809769beff7d495d9a71a2f523c415fb/c.html
Though far from home, these space explorers feel the same festival warmth as people on Earth.
Photo: This screenshot from a video released by the China Manned Space Agency (CMSA) on Feb. 16, 2026 shows Shenzhou-21 taikonauts Zhang Lu (C), Wu Fei (L) and Zhang Hongzhang sending their Chinese New Year greetings aboard China’s Tiangong space station. (Xinhua)
