Culture & Entertainment
တရုတ်ကာတွန်းရုပ်ရှင် “Ne Zha’’ ၂၁ ရက်တွင် ဝင်ငွေ ၃.၈ ဘီလီယံယွမ်ရရှိ

ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကာတွန်းရုပ်ရှင် “Ne Zha”သည် စတင်ပြသသည့်အချိန်မှ ၂၁ ရက်အတွင်း ရုံဝင်စာရင်းအရ ဝင်ငွေစုစုပေါင်း ယွမ်၃.၈၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၄၂သန်း)ရရှိကာ ထိပ်တန်း၌ဆက်လက်ရပ်တည်ခဲ့ကြောင်း တရုတ်ရုပ်ရှင်သတင်းအချက်အလက်ကွန်ယက်က သြဂုတ်၁၅ရက်တွင်ပြောသည်။
တရုတ်နိုင်ငံတွင် ပြည်တွင်းကာတွန်းရုပ်ရှင်သည် မူလကပင်ဝင်ငွေအမြင့်ဆုံးဖြစ်ခဲ့ပြီးဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်စာရင်းအရ ယွမ်၆၁ သန်းဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ မီးသတ်သမားတစ်ဦးအကြောင်း ကိုမီးမောင်းထိုးပြထားသည့် တရုတ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် “The Bravest’’ ရုပ်ရှင်ကားသည် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိပြီး သြဂုတ်လ ၁၅ ရက်တွင် ဝင်ငွေ ယွမ် ၃၄သန်း ရရှိခဲ့ကြောင်း သိရသည်။ အက်ရှင်မှုခင်းရုပ်ရှင်ဖြစ်သည့် “Line Walker 2” ရုပ်ရှင်ဇာတ်ကားသည် ၉ ရက်တာရုံတင်ပြသခဲ့သည့်အချိန် တွင် တတိယဝင်ငွေအများဆုံးအဖြစ်ရပ်တည်ခဲ့ပြီး ဝင်ငွေယွမ် ၂၃ သန်းရရှိခဲ့ကြောင်း သိရသည်။ (Xinhua)