ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်အတွင်းနိုင်ငံရပ်ခြား သို့သွားရောက်လည်ပတ်သော တရုတ်နိုင်ငံသားကမာ္ဘလှည့်ခရီးသွားများ၏အသုံးစရိတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၇.၅ဘီလီယံထိရှိခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားငွေကြေးလဲလှယ်ရေး စီမံခန့်ခွဲမှုဌာန (SAFE) ၏ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့လယ်ရှိ ခေါင်းဆောင်များ မိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်ရင်ပြင်စင်မြင့်အား တစ်နှစ်ကျော်ကြာ ပြန်လည်ပြုပြင်ပြီးနောက် အောက်တိုဘာလ ၃ ရက်တွင် လေ့လာသူများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ် (Philippe) တို့သည် ဘယ်လ်ဂျီယံတွင် သြဂုတ်လက ပန်ဒါကြီးမျိုးနှစ်ကောင် မွေးဖွားမှုအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ပါရီ ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ၏ မြို့တော် ပါရီ ၌ စက်တင်ဘာ ၃ဝ ရက် က ကိုယ်ဟန်ပြမယ်များက တရုတ် အဆင့်အတန်းမြင့် အမျိုးသမီးအဝတ်အစား အမှတ်တံဆိပ် ဖြစ်သော “Gaia Legend –Xiong Ying’’ အဝတ်အစားများကို ဝတ်...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ရိုက်ကူးထုတ်လုပ်ထားသော “My People, My Country” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာလ ၃၀ ရက် တရုတ်နိုင်ငံ ရုံတင်စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း တရုတ်...
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်လူရွယ်များအနေဖြင့် လက်မှုပညာရပ်ကို လေ့လာလိုက်စားကြရန် နှင့် တိုင်းပြည်အတွက် ထူးကဲသာလွန်သော စွမ်းဆောင်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းစကား ဆိုလိုက်သည်။
နန်ကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တန်မင်းဆက်ခေတ်က ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးဖြစ်သော ရွှန်ကျန့် (Xuan Zang) ၏ စွန့်စားခြင်းခရီးအား ပုံဖော်ထားသည့် ဂန္ထဝင်ဝတ္ထုတစ်အုပ်ဖြစ်သော “Journey to the West” ပါ ပန်းချီများအား လေယာဉ်တစ်စင်းပေါ်တွင် ရေးဆွဲထားခဲ့သည်။
ချန်ဒူး ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်က ကျောက်သား နံရံတွင် ထွင်းထု ထားသော ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ပန်းပုလက်ရာများအား တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝူရုမုချိ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထောက်အကူပြုတွန်းအားပေးနေသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်အသစ်ပေါင်း ၃၂,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ချိန်ထူး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် စီချွမ်ပြည်နယ် တွင် ဖမ်းထားသော ပန်ဒါအရိုင်းမိဘ မှ ပန်ဒါအထီးအမွှာလေး နှစ်ကောင်ကို သြဂုတ် ၂၀ ရက်တွင် မွေးဖွားခဲ့ကြောင်း ပန်ဒါအကြီးများထိန်းသိမ်းရေး နှင့် သုတေသနစင်တာ မှ သိရသည်။