အပြန်အလှန်လေးစားမှုရှိရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများအပေါ် အခြေခံလျက် တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက...
အမေရိကန်နိုင်ငံတွင် TikTok ၏ အနာဂတ်မှာ မသေချာမရေရာဖြစ်နေသကဲ့သို့ လက်ရှိ အမေရိကန်မှ အသုံးပြုသူများစွာက တရုတ်လူမှုမီဒီယာအက်ပ်ဖြစ်သော Xiaohongshu ဟု လူသိများသည့် rednote အား ချိတ်ဆက်လာကာ တရုတ်မှ အသုံးပြုသူများနှင့် ဆေးဘက်ဆိုင်ရာငွေတောင်းခံလွှာများမှ ကျောင်းအိမ်စာများအထိ အကြောင်းအရာပေါင်းများစွာကို တက်တက်ကြွကြွ ထိတွေ့ဆက်သွယ် အသုံးပြုလျက်ရှိသည်။ ထို့ပြင် မကြာမီကျရောက်တော့မည့် နွေဦးပွဲတော်နှင့်ပတ်သက်သော...
ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ပြည်တွင်းနှင့် နိုင်ငံတကာအခင်းအကျင်း၌ ရှုပ်ထွေးမှုများ ရှိနေသည့်တိုင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု လျာထားချက် ပြည့်မီခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် အရေးတကြီးလိုအပ်နေသော ရေရာသေချာမှုနှင့် ယုံကြည်မှုတို့ကို ဆောင်ကြဉ်းပေးလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော တရုတ်စီးပွားရေးသည် ၂၀၂၄...
တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အင်တာနက်အသုံးပြုသူအရေအတွက်မှာ ၁.၁ ဘီလီယံအထိ ရောက်ရှိလာခဲ့ရာ ယခင်နှစ်ကထက် ၁၆.၀၈ သန်း ပိုမိုများပြားလာခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်၌ ထုတ်ပြန်သော အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စက်မှုလုပ်ငန်းအစီရင်ခံစာအရ သိရသည်။ တရုတ်နိုင်ငံက ကမ္ဘာ့အင်တာနက်၌ အပြည့်အဝချိတ်ဆက်ပြီး နှစ်ပေါင်း ၃၀ ကြာပြီးနောက်...
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်၌ ယမန်နှစ် ကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) ၏ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ လွန်ခဲ့သည့် သုံးလပတ်ကာလ၌ စီးပွားရေးတိုးတက်မှု ၄.၆ ရာခိုင်နှုန်းရှိခဲ့ရာမှ...
တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသများကို ကမ္ဘာ့ဈေးကွက်များနှင့် ချိတ်ဆက်ထားသည့် အရေးပါသော ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွန်ရက် ဖြစ်သည့် နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်က ကမ္ဘာတစ်ဝန်း ဆိပ်ကမ်း ၅၅၅ ခုနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ အခြေစိုက်ထားသည့် လုပ်ငန်းလည်ပတ်ရာအချက်အချာဖြစ်သော အဆိုပါ ကုန်သွယ်မှုစင်္ကြံသည် ကွမ်ရှီးနှင့် ယူနန် စသည့်...
တရုတ်နိုင်ငံသည် တိုင်းရင်းသားလူမျိုးစု လူဦးရေများပြားသောဧရိယာများတွင် ကျေးလက်ဒေသ ပြန်လည်သက်ဝင်လှုပ်ရှားလာရေးအတွက် ပံ့ပိုးကူညီရန် ရန်ပုံငွေ ယွမ် ၆,၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၂၆.၅ သန်းခန့်) ခွဲဝေသတ်မှတ်ခဲ့သည်။ အဆိုပါ ဧရိယာများသည် ဗဟိုဘဏ္ဍာရေးရန်ပုံငွေများကဲ့သို့ လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် တိုင်းရင်းသားလူမျိုးရေးရာကော်မရှင် အကြီးအကဲများ စုဝေးကျင်းပသည့် ကွန်ဖရင့်ထံမှ သိရသည်။...
တရုတ်နိုင်ငံ ရထားလုပ်ငန်းက ချွန်းယွင့်ဟု လူသိများသော၊ ယခုနှစ်၏ နွေဦးပွဲတော်ကာလ ခရီးသွားရာသီ ပထမနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ခရီးစဉ် ၁၀.၃၉ သန်း စံချိန်တင်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က ဇန်နဝါရီ ၁၅ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။...
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မောင်းသူမဲ့ယာဉ်မောင်းနှင်ခြင်းနည်းပညာတီထွင်သူ Pony.ai က နိုင်ငံအတွင်း ပထမဆုံးအဖြစ် မောင်းသူမဲ့ထရပ်ကားအုပ်စုလိုက် အဝေးပြေးလမ်းပေါ်တွင် ကနဦးစမ်းသပ်မောင်းနှင်မှုအတွက် ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်၌ ကြေညာခဲ့သည်။ မောင်းသူမဲ့ယာဉ်များ ဦးဆောင်သော အဆိုပါ ကားအုပ်စုသည် ပေကျင်း-ထျန်းကျင်း- Tanggu...
ဗီဇာကင်းလွတ်ခွင့်ပြုသော မူဝါဒများကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာသည့် ခရီးစဉ်အရေအတွက်မှာ ယမန်နှစ်ထက် နှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြည်ပခရီးသွားများ ဝင်ရောက်သည့် ခရီးစဉ်အရေအတွက်မှာ သန်း ၂၀ ကျော်ရှိခဲ့ကာ ယမန်နှစ်ထက် ၁၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0sD...