Connect with us

Economy

ခရီးသွားလုပ်ငန်း အေဂျင်စီ ၁၀ ခုအား တရုတ်နိုင်ငံ၌ အမည်ပျက် စာရင်းသွင်း

တရုတ်နိုင်ငံ သို့ လာရောက်လည်ပတ်သော ကမ္ဘာလည့် ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ခရီးသွားများအတွက် ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံရှိ ခရီးသွား အေဂျင်စီ ၁၀ ခုအား အမည်ပျက် စာရင်းသွင်းခဲ့ကြောင်း အမျိုးသား ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး (NTA) က အောက်တိုဘာလ ၁၈ ရက်တွင် ပြောခဲ့သည်။

တရုတ်နိုင်ငံ ယွန်နန်၊ ဟိုင်နန်နှင့် ရှန်ဒေါင် ပြည်နယ် များ၌ အခြေစိုက်ထားသော ခရီးသွား ကုမ္ပဏီ များအား ပုံမှန် မဟုတ်သော လုပ်ဆောင်မှုများကြောင့် အမည်ပျက်စာရင်း သွင်းခဲ့ပြီး ယင်းသည် နောက် နှစ်နှစ်အထိ သက်ရောက်မည် ဖြစ်သည်။

အေဂျင်စီ ငါးခုမှာ လိုင်စင် ရုပ်သိမ်းခံရပြီး ကျန်အေဂျင်စီများမှာ တာတွေကတော့ ပြင်းထန်စွာ ဒဏ်ရိုက် ခံထားရကြောင်း NTA သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသွားလမ်းညွှန် ခုနှစ်ဦးကိုလည်း အမည်ပျက်စာရင်း သွင်းခြင်းနှင့် ဒဏ်ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

အမည်ပျက်စာရင်း သွင်းမည့်အကြောင်းကို သက်ဆိုင်ရာမှ ဇူလိုင်လက ကြေညာထားခဲ့သည်။ ယခုပိတ်သိမ်း ခံရသည့် အေဂျင်စီနှင့် ဧည့်လမ်းညွှန်များက ပထမဆုံး အုပ်စုဖြစ်ပါသည်။ အမည်ပျက် စာရင်း သွင်းခံရသော ကုမ္ပဏီနှင့် လူတစ်ဦးချင်းစီအား ခရီးသွားလုပ်ငန်း အာဏာပိုင်မှ အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ခရီးသွားလုပ်ငန်း ဈေးကွက်ကြီး တစ်ခုဖြစ်သည်။ အောက်တိုဘာလ အစောပိုင်း အမျိုးသားနေ့ ပိတ်ရက်ရှည် အချိန်အတွင်းက နိုင်ငံတစ်ဝန်း ခရီးသွား များ၏ ခရီးစဉ်ပေါင်း ၅၂၆ မီလီယံ ရောက်ရှိအောင် ဆွဲဆောင်ထား နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်များအတွင်း ခရီးသွား ကုမ္ပဏီများ၏ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက် များကြောင့် ခရီးသွား ဧည့်သည်များထံမှ တိုင်ကြားချက်များ များပြားလာခဲ့သည်။ (Xinhua)