Connect with us

Economy

ကမ္ဘာ့ဘဏ် နှင့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် တို့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှု စာချွန်လွှာ ရေးထိုး

အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ရုံးချုပ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် နှင့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) တို့သည် အနာဂတ်တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ တစ်ရပ် ကို ဧပြီလ ၂၃ ရက်နေ့ က ဝါရှင်တန် တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ကမ္ဘာ့ဘဏ် မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယခု ချုပ်ဆိုခဲ့သည့် စာချွန်လွှာသည် ဘဏ်နှစ်ခု မှ ငွေကြေးပူးပေါင်းခြင်း နှင့် ဝန်ထမ်း အပြန်အလှန် ဖလှယ်ခြင်း စသည့် အတူတကွ စိတ်ဝင်စားသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ရရှိစေမည်ဖြစ်ကြောင်း ၊ ဘဏ်နှစ်ခု မှ ဒေသတွင်း နှင့် နိုင်ငံ အဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံများကို ရရှိစေမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ထုတ်ပြန်ချက်တွင် AIIB ဘဏ် စတင်လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ် နှင့် AIIB ဘဏ် တို့သည် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်ခဲ့ကြောင်း ၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ယန္တရား ဆောင်ရွက်ခြင်း သည် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

AIIB ဘဏ် ဥက္ကဋ္ဌ ကျင်းလိချွင် မှလည်း ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် AIIB ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ ပုံစံသစ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ် နှင့် ပူးပေါင်းဆောင်ရွက်မှု ကိုလည်း ပိုမို နက်ရှိုင်းစေခဲ့ကြောင်း ၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် အာရှဒေသတွင် ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလပိုင်းတွင် ကမ္ဘာ့ဘဏ် နှင့် AIIB တို့မှ ပထမ ဦးဆုံး ငွေကြေးပူးပေါင်းဆောင်ရွက်မှု မူဘောင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ လက်ရှိချိန်တွင် ကမ္ဘာ့ဘဏ် နှင့် AIIB ဘဏ် တို့သည် ပါကစ္စတန် ၊ အဇာဘိုင်ဂျန် နှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများတွင် ငွေကြေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၅ ခု ပြုလုပ်ခဲ့ပြီး AIIB ဘဏ်သည် ကမ္ဘာ့ဘဏ် လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာငွေကြေး ကုမ္ပဏီ နှင့် မြန်မာ နိုင်ငံ တွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တစ်ခု ရှိကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ကမ္ဘာ့ဘဏ် နှင့် AIIB ဘဏ် တို့မှ ယခုနှစ် နှင့် လာမည့်နှစ်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် စီမံကိန်း များနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.