Connect with us

Economy

ကမ္ဘာပေါ်တွင် ကား ထုတ်လုပ်သည့် ဋ္ဌာန ဖြစ်လာရန် တရုတ် ရည်ရွယ်

တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ မော်တော်ကား လုပ်ငန်း ပြပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆယ်စုနှစ် တစ်ခုအတွင်း စွမ်းအင်သစ် ယာဉ်များ (NEVs) မြှင့်တင်ခြင်းနှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုအား ကန့်သတ်ခြင်းများအား လျှော့ချခြင်း စသည်တို့အား တွန်းအားပေးပြီး ကမ္ဘာ့ မော်တော်ကား ထုတ်လုပ်သည့် ဋ္ဌာန ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာ ကားဈေးကွက်တွင် တရုတ်နိုင်ငံ ဈေးကွက်ဝေစု မျှဝေ ရရှိမှု တိုးတက်လာစေရန် နှင့် အဓိက နည်းပညာများတွင် ထိုးဖောက် ကျော်ဖြတ်ကာ အောင်မြင်မှု ရရှိနိုင်စေရန် တရုတ်နိုင်ငံက ကြိုးပမ်းသွားမည် ဖြစ်ကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဋ္ဌာန ပါဝင်သည့် အစိုးရ ဋ္ဌာန သုံးခုမှ ဧပြီလ ၂၅ ရက်က ထုတ်ပြန်လိုက်သည့် မော်တော်ကား စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှု စီမံကိန်းတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်တွင် စွမ်းအင်သစ် ယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းချမှုများမှ နှစ်စဉ် ဝင်ငွေ နှစ်သန်း ရရှိနိုင်မည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း မော်တော်ယာဉ် ဖက်စပ် ကားထုတ်လုပ်သူများတွင် နိုင်ငံခြားသားများ ပိုင်ဆိုင်မှု ကန့်သတ်ချက်များကို စနစ်တကျ ပုံစံများဖြင့် ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် ဖြစ်သော တရုတ်နိုင်ငံသည် ပြည်တွင်း ကားထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံခြားသား ရှယ်ယာပိုင်ဆိုင်မှုကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

အစိုးရ စီမံကိန်းအရ တရုတ်နိုင်ငံ နှစ်စဉ် ကားထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ်တွင် သန်း ၃၀ နှင့် ၂၀၂၅ ခုနှစ်တွင် ၃၅ သန်း အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် မော်တော်ကား ရောင်းချမှုမှာ ၂၈.၃ သန်းအထိ အမြင့်ဆုံး ရှိခဲ့ကြောင်း CAAM အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.