Economy
ကုန်သွယ်ရေးဆွေးနွေးပွဲများအတွက် အမေရိကန်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးရန် တရုတ်နိုင်ငံ ဖိတ်ကြားခံရ
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)
စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲအား အမေရိကန်နိုင်ငံသို့ လာရောက်ပါရန် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ထံမှ ဖိတ်ကြားချက်အား တရုတ်နိုင်ငံက ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ဖိတ်ကြားချက်အား တရုတ်နိုင်ငံက လက်ခံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)