Connect with us

Economy

တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်တည်ငြိမ်

တရုတ်နိုင်ငံရှိ အဆောက်အဦများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အစိုးရက အိမ်ခြံမြေဝယ်ယူခွင့် ကန့်သတ်ချက်များကို ဆက်လက်ထားရှိနေသောကြောင့် မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ဧပြီလအတွင်း တည်ငြိမ်နေကြောင်း မေလ ၁၆ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။

မြို့ကြီး ၁၅ မြို့အနက် ၇ မြို့ရှိ အိမ်ခြံမြေအသစ် ဈေးနှုန်းများမှာ မတ်လနှင့်နှိုင်းယှဉ်ပါက ဧပြီလတွင် ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း အခြား ၈ မြို့တွင်မူ အနည်းငယ် မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုက ပြောကြားခဲ့သည်။ (Xinhua)