Connect with us

Economy

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ အတွက် စီးပွားရေးပြခန်းများ စတင်စာရင်းပေးသွင်းနိုင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ National Exhibition and Convention Center တွင် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ဝင်ရောက်ပြသရန် စီးပွားရေးပြခန်းများအတွက် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံရပ်ခြားမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် စက်တင်ဘာ ၂၈ ရက်မှစ၍ CIIE ၏ တရားဝင်ဝက်ဘ်ဆိုက်တွင်  စာရင်းသွင်းနိုင်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။စတုတ္ထအကြိမ်မြောက် CIIE မှ စီးပွားရေးပြပွဲတွင် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် တို့အပါအဝင် တရုတ်နိုင်ငံ အကောက်ခွန်ဧရိယာပြင်ပ၌ မှတ်ပုံတင်ထားသော တရားဝင် ကော်ပိုရေးရှင်းစီးပွားရေးလုပ်ငန်းများကိုသာ လက်ခံသွားမည်ဖြစ်သည်။ ပြပွဲတွင် နိုင်ငံရပ်ခြားမှထုတ်လုပ်သည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပြခန်းအတွက် လက်ခံနိုင်မည်ဖြစ်သည်။

CIIE သည် ကမ္ဘာတွင် သွင်းကုန်ပြပွဲကို ရည်ရွယ်ထားသောပထမဆုံးသောပြပွဲဖြစ်ပြီး ပြီးခဲ့သည့် ပြပွဲ နှစ်ကြိမ်လုံးတွင် အကျိုးအမြတ်ရှိသော ရလဒ်များရှိခဲ့သည်။ တတိယအကြိမ်မြောက် CIIE ပြပွဲကို ယခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.