Economy
တရုတ်နိုင်ငံက ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် စတင်အခွန်စည်းကြပ်
ပေကျင်း ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်သွင်းလာသော ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ဝ၁ မိနစ်တွင် စတင် အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံက အခွန်စည်းကြပ်မှုပြုလုပ်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းလာသော ကုန်စည်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ၏ အကောက်အခွန်စည်းကြပ်မှုကော်မရှင်၏ ထုတ်ပြန်ချက် တစ်စောင်အရ သိရသည်။(Xinhua)