Connect with us

Economy

တရုတ်နိုင်ငံ၏ ပထမဆုံး သွင်းကုန်ပြပွဲအတွက် ဝယ်ယူသူပေါင်း ၁၆၀,၀၀၀ ကျော် မှတ်ပုံတင်ထား

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ၏ လာဘ်ကောင် ပန်ဒါလေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ပထမဆုံး တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) တက်ရောက်ရန် သြဂုတ်လ ၇ ရက်အထိ ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီ ၈၀,၀၀၀ မှဝယ်ယူသူ ၁၆၀,၀၀၀ ကျော် မှတ်ပုံတင်ထားကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက သြဂုတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ဗျူရိုအဆိုအရ ဝယ်ယူသူ ၁၅၀,၀၀၀ ဦး တက်ရောက်ရန် မျှော်မှန်းထားကြောင်း၊ သို့သော် မှတ်ပုံတင်အရေအတွက်မှာ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန် အပါအဝင် နိုင်ငံများမှ ကုမ္ပဏီ ၄၀ ကျော်က ဒုတိယအကြိမ်မြောက် CIIE တွင် ပြခန်းနေရာများအတွက် ကြိုတင်မှာထားခဲ့ကြောင်း ဗျူရိုက ပြောကြားခဲ့သည်။

CIIE ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပရန်စီစဉ်ထားသည်။ CIIE တွင် ပါဝင်ရန် နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်နှင့် ကုမ္ပဏီပေါင်း ၂,၈၀၀ ကျော် ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.